29 C
Yangon

မုံရွာမြိုနယ်၊ ကြေးမုံရွာမှ ရွာသား ကိုနေမျိုးအောင်ကို စစ်တပ်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

Must read

မုံရွာမြိုနယ်၊ ကြေးမုံရွာမှ ရွာသား ကိုနေမျိုးအောင်ကို စစ်တပ်နှင့်ပျူစောထီးများက အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာမှ ရွာသား ကိုနေမျိုးအောင်ကို စစ်တပ်နှင့် တောပုကျေးရွာမှ ပျူစောထီးများက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် အသတ်ခံရသူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် တောပုကျေးရွာမှ အင်အား ၃၀ ခန့်ရှိသော ပျူစောထီးများနှင့်စစ်သားများက ကြေးမုံကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ရွာသား ကိုနေမျိုးအောင်ကို မုံရွေး ကျေးရွာ စာကြည့်တိုက်အနီးတွင် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

” အသတ်ခံရသူက ကိုနေမျိုးအောင်၊ အသက် ၄၀ လောက်ရှိပြီ။ တောပုကျေးရွာမှ ပျူစောထီးနဲ့စစ်သားတွေက လာသတ်သွားတာ။ ကိုနေမျိုးအောင်က

ဘုန်းကြီး ကျောင်းမှာ ထန်းခတ်မိုးနေတုန်း သေနတ်သံကြားလို့ ရွာထဲကို ပြန်ဝင်တာ။ အဲဒီမှာ သူ့ကို ဖမ်းမိတယ်။ အဲဒီလို အဖမ်းခံထားရချိန်မှာ ကိုနေမျိုးအောင်ရဲ့ ဖုန်းတွေက လာတယ်။ အဲဒါကို ကင်းထောက် လုပ်တယ်ဆိုပြီး ပစ်သတ်သွားတာ။ တောပုကျေးရွာက ပျူစောထီးတွေနဲ့ စစ်သားတွေပေါင်းပြီး ရွာထဲဝင်လာချိန် ကိုနေမျိုးအောင်က သူ့အမေ ရွာထဲမှာ ကျန်ခဲ့တော့ အဲဒါကို သွားခေါ်ဖို့ ရွာကို ပြန်ပြေးတာ” ဟု ကိုနေမျိုးအောင်၏ မိတ်ဆွေတစ်ဦးက ရှင်းပြသည်။

တောပုကျေးရွာမှ ပျူစောထီးများနှင့် စစ်သားများသည် မကြာခဏဆိုသလို ပတ်ဝန်းကျင်ကျေးရွာများကို သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်လုယက်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article