29 C
Yangon

ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ ချင်းတွင်းမြစ် အတွင်း စစ်တပ်၏ သင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်

Must read

ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ ချင်းတွင်းမြစ် အတွင်း စစ်တပ်၏ သင်္ဘောအုပ်စုကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးဆုံရွာနှင့် မစိုးရိမ်ရွာ အကြား ယူကလစ်ခြံထဲ၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ YE U PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာ၌ ည အိပ်စခန်းချရပ်နားသော အကြမ်းဖက် စစ်သားများသည် ဒီပဲယင်းမြို့ထဲကို ဆက်လက်ထွက်ခွာရန် ပြုလုပ်စဥ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံပြီး တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်သား ၁ ဦး မျက်မြင်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“သူတို့က မနက်ခင်းကို ရှည်ထုတ်တာ၊ မနေ့က ထိထားတော့ ဒီနေ့ အနောက်ကို ပြန်ခေါက်ပြီး ကင်း ရှည် ထုတ်ထားတဲ့သဘောဗျ၊ အဲဒီမှာကျနော်တို့ ပြန်ခေါက်မယ်ထင်လို့ မိုင်းဆင်ဖို့ အသွားမှာ ပက်ပင်း တိုးတာဗျ၊ အဲဒီမှာ ထိတွေ့မှု အနည်းငယ်ဖြစ်တာဗျ၊ ၁၅ ပေ ပေ၂၀ လောက်ပဲ ကပ်လျက်တွေ့တာ၊ အဲဒီ မှာ တစ်ယောက်ကို ပစ်ချပြီးတော့ ကျနော်တို့ကလည်း ပြန်ဆုတ်ခဲ့တာ၊ သူတို့ကတိုက်ပွဲဖြစ်သလိုပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ၁၀ မိနစ်လောက်ပစ်နေတာ၊ ကျနော်တို့ ရဲဘော်တွေ အား လုံး ဘေးကင်းပါတယ်၊ အဲဒါပြီးတော့ မစိုးရိမ်ကို ပြန်ခေါက်သွားတယ်၊ ပြန်ခေါက်သွားပြီး ၁၁ နာရီ မိနစ် ၅၀ မှာ ဒီပဲယင်းဆရာစံခန်းမထဲကို ဝင်သွားတာဗျ၊”ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ YE U PDF တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ကြောင်းသည် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန် ဒီပဲယင်းမြို့ ဆရာစံခန်းမထဲသို့ ဝင် ရောက်သွားပြီးနောက် ဒီပဲယင်းတစ်မြို့လုံးကို အင်အားဖြန့်ထားကြောင်း၊ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ပုဗ္ဗာရုံကျောင်းနှင့် စာရင်းစစ်ရုံး၌ တပ်ဖြန့်ထားသည့် အကြမ်းဖက်စစ်သားများကို Fixed Wing Drones များဖြင့် ဗုံးသီး ၄ လုံး၊ ညနေ ၅ နာရီ ၃၅ မိနစ် အချိန်တွင် အ.မ.က ကျောင်း၌ တပ်ဖြန့်ထားသော အ ကြမ်းဖက်စစ်သားများကို ဗုံးသီး ၂ လုံး ချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားသော အကြမ်းဖက်စစ် ကောင်စီ တပ်သား အလောင်းများနှင့် ယနေ့ နံနက် ထိတွေ့မှုဖြစ်ပြီး သေဆုံးသွားသော အကြမ်းဖက် စစ်သားအလောင်းကို ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ကျေးရွာအတွင်းမှ နေအိမ် ၂ လုံးအတွင်းသို့ ထည့်ကာ မီးရှို့သွားကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း – YE U People’s Defence Force ထံမှ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ သင်္ဘောအုပ်စု ကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force – PTTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတွင်း စုန်ဆင်းလာသော အကြမ်းဖက် စစ်တပ်၏ သစ်များ တင်ဆောင်လာသော သင်္ဘောအုပ်စုကို တော်လှန် ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၅ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မုံရွာမင်းဒေါင့်ဆိပ်ကမ်းကနေ အောက်ကိုစုန်ဆင်းလာတာ ဘယ်ကိုသွားမလဲတော့ အတိအကျ မသိရ ဘူး။ လာတာကတော့ မုံရွာကနေ လာတာ သစ်တွေတင်လာတာ ဖလက် ၈ စီး ရှေ့ထွက်မိုင်း ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်” ဟု Peace Takers Task Force – PTTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force – PTTF အဖွဲ့နှင့် The Brightness အဖွဲ့တို့က ပူး ပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article