28 C
Yangon

ဖြူးမြို့နယ်ရှိ စစ်တပ်စခန်းနှင့် လေးအိမ်စုရွာအတွင်း ဝင်ရောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

Must read

ဖြူးမြို့နယ်ရှိ စစ်တပ်စခန်းနှင့် လေးအိမ်စုရွာအတွင်း ဝင်ရောက်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားရှိ အကြမ်းဖက် စစ်တပ်စခန်းနှင့် လေးအိမ်စုရွာအတွင်း ဝင်ရောက် နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းတိုင်း အထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့က ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာအတွင်းကို အင်အား ၄၀ ခန့်ဖြင့် ဝင် ရောက်လာသော အကြမ်းဖက် စစ်သားများကို မွန်းလွဲ ၂ နာရီ ၃၇ မိနစ်ခန့်တွင် တစ်ကြိမ်နှင့် ညနေ ၅ နာ ရီခန့်တွင် တစ်ကြိမ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၈ နာရီခွဲခန့်က ဖြူးမြို့နယ်၊ အုတ်ဖြတ်တံတားဘေးရှိ အကြမ်း ဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

“လေးအိမ်စုမှာ တပ်စွဲထားတာတော့ မဟုတ်ပါဘူး၊ လှုပ်ရှားစစ်ကြောင်းပဲ၊ သတင်းရလို့ သွားပြီးတော့ တိုက်ခိုက်တဲ့သဘောပါ၊ တိုက်ခိုက်မှုတွေကတော့ နေ့စဉ် နီးပါးရှိပါတယ်၊ သို့သော်ရန်သူ အသေ အ ပျောက်အတည်မပြုနိုင်တဲ့ဟာတွေကျတော့ စာမျက်နှာမှာ မတင်နိုင်ဘူးပေါ့၊ တချို့သော တိုက်ပွဲ တွေ ကတော့ ဆက်စပ်လုပ်ငန်းစဉ်တွေရှိတဲ့အတွက် မတင်တာတွေလည်းများပါတယ်၊” ဟု တောင်ပိုင်း တိုင်းအထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ၊ အထူး စစ် ဆင်ရေး တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ နှင့် ပူးပေါင်းအဖွဲ့တို့ မှ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article