32 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ ဝပါရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ဒီပဲယင်းမြို့နယ်ရှိ ဝပါရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ဝပါရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာ ၉ ရွာကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တောကျောင်းရွာမှ မှန်သာကျေးရွာနှင့် ဝပါကျေးရွာ ကို

ဝင်ရောက်လျက်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝပါကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

ဝပါကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်ရှိချိန်ထိ မီးရှို့ဖျက်ဆီးလျက်ရှိပြီး ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း၊ အကြမ်းဖက် စစ်တပ်က ပထမ အကြိမ် မီးရှို့ဖျက်ဆီးမှု​ကြောင့် ဝပါကျေးရွာမှ နေအိမ် ၆၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံး​ထားကြောင်း သိရှိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၁၉ ရက်နေ့က စတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်ရှိချိန်တွင် အင်းတန်းကျေးရွာ ၊ တောကျောင်း‌ကျေးရွာ ၊ ငြိမ်းချမ်းရွာသစ် ၊ မဲသည်ကျေးရွာ၊ ဝပါကျေးရွာ ၊ မှန်သာကျေးရွာ ၊ သပြေသာကျေးရွာ ၊ ယင်းတွေကျေးရွာ နှင့် လက်တီးကျေးရွာ တို့မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း သိရသည်။

“ထိခိုက်မှုအခြေအနေ မသိရသေးဘူး။ လက်ရှိ စစ်ကြောင်း ရှိနေသေးတဲ့အတွက် ကျေးရွာအတွင်းအခြေနေတွေမသိရသေးပါဘူး။ တိုက်ပွဲဖြစ်ပွားတာ မရှိပါဘူး။ ဒီပဲယင်းမြို့ပေါ်ရောက်နေတဲ့ ပျူစောထီးတွေကို လမ်းပြခေါ်ပြီး စစ်ကြောင်းထိုး မီးရှို့နေတဲ့ အခြေအနေပါ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article