33 C
Yangon

ကန့်ဘလူရှိ ယောကျေးရွာ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ ဘုတလင်မြို့ ပေါ်ရှိ ထွေအုပ်ရုံးနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ကန့်ဘလူရှိ ယောကျေးရွာ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ ဘုတလင်မြို့ ပေါ်ရှိ ထွေအုပ်ရုံးနှင့် စစ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ယောကျေးရွာရှိ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ယော ကျေး ရွာပျူအထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပြောက်ကျား ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁၀ ဦးနေရာမှာပင် ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြောင်း သိရသည်။

“ပြည်သူတွေ မြေပဲ စိုက်ရာသီဖြစ်တဲ့အတွက် ပြည်သူတွေ‌ မြေပဲ စိုက်နေတာကို အဲဒီရွာက ပျူတွေက လက်နက်တွေနဲ့ ပစ်ခတ်တာတွေလုပ်နေသော တောင်သူတွေက ထွက်ပြေးခဲ့ရတာ၊ အဲဒါကြောင့် သူတို့ ထွက်လာမယ့်အချိန်ကို ရွာထိပ်ကနေ စောင့်ပြီး ပြောက်ကျားနည်း နဲ့ဝင်ပစ်တာဗျ၊ အထဲအထိုင် စခန်း အထိ ဝင်ပစ်နိုင်ခဲ့တယ်၊ အဲရွာထဲမှာက စက်ကလေးအထိုင်ရှိတော့ စက်ကလေးနဲ့ ရမ်းတာတို့ လက် နက်ကြီးနဲ့ပစ်တာတို့ ရှိတဲ့အတွက် ပြန်ဆုတ်လာခဲ့လိုက်တာ၊ လက်နက်တွေတော့မရခဲ့ဘူး” ဟု Kanbalu-Underground Warriors တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Kanbalu-Underground Warriors အဖွဲ့နှင့် ဒေသတော်လှန်ရေး အင်အားစုများက ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားသော ထွေအုပ်ရုံး၊ ရဲစခန်းအပါ အဝင် နေရာ ၄ ခုကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Brothers တပ်ဖွဲ့ထံမှ သိရသည်။

အောက်တိုဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီ ၃၄ မိနစ်ခန့်က အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးသီး ၂ ကြိမ်၊ ကြောင်မန်းလမ်းခွဲရှိ အကြမ်းဖက်စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ် ဖြင့် ဗုံးသီး ၂ ကြိမ် တို်ကခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးလက်မောင်း၊ ကျောပြင်ထိမှန်ဒဏ်ရာ၊ တပ်ကြပ်ကြီးတစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာ( ဖြတ်တောက်ရမည့်အခြေအနေ) ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၁၆ ရက် မွန်းတည့် ၁၂ နာရီခန့်ကလည်း ဘုတလင်မြို့ကျောက်ကုန်း ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို မောင်းသူမဲ့လေယာဉ်ငယ် ဖြင့် ၂ ကြိမ်၊ အောက် တိုဘာလ ၁၄ ရက်နေ့ကလည်း ဘုတလင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို မောင်းသူမဲ့လေယာဉ် ငယ်ဖြင့် ၂ ကြိမ်၊ ရဲစခန်းအတွင်းသို့ တစ် ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Chindwin Brothers တပ်ဖွဲ့၊ B21 ကနီ၊ ကိုဘရာအဖွဲ့၊ အုပ်ကြီးနှင့်အဖွဲ့၊ တပင်ရွှေထီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article