25 C
Yangon

ရွာငံမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် ၄ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရွာငံမြို့နယ်တွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် ၄ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း Danu People’s Liberation Front မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၁ ရက်နေ့တွင် ယုံဗွေကွမ်းသီးခြံ၌ စခန်းချပြီးပြန်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို Danu People’s Liberation Front အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးပြီး ခရိုင်ရဲမှူး အပါအဝင် ၄ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့လာတာ ကား ၃ စီးနဲ့လာတာဗျ။ အဲဒီမှာ ၁ စီးမိတာဗျ။ ၁ လုံးထဲဆွဲတာ ၁ စီးမိတာ။ မိတဲ့အထဲ ခရိုင်မှူးပါတဲ့ကား ဖြစ်သွားတာ။ ခရိုင်မှူးက မျက်နှာထိတာ နှာခေါင်းကတော့ တော်တော်လေး စုတ်ပြတ်သွားတယ်။ ဒဏ်ရာတော့ တော်တော်ပြင်းတယ် ။ စိုရိမ်ရတဲ့အနေအထားဆိုပြီး ဖြစ်ပြီးကျမှပဲ ဖရဲသီးက လှမ်းပို့တာ”ဟု Danu People’s Liberation Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်သားများသည် ယုံဗွေစခန်းတွင် စခန်းချနေသည်မှာ ၂ လခန့်ရှိပြီဖြစ်ပြီး အသွားအပြန်အမြဲလုပ်လေ့ရှိကြောင်း၊ ရိုးရိုးပုံမှန်သွားလာလေ့ရှိသည့် ယာဉ်တန်းကို စောင့်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရမ်းသမ်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ရေဦးလမ်းမကြီးကို ပိတ်ဆို့ကာ စစ်ဆေးမှုများတင်းကြပ်စွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) သည် အကြမ်းဖက် စစ်တပ်ကို ပို၍ ထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် “ဓနုအိပ်မက်ဖောင်ဆောင်ဖို့ စပ်သီးတောင့်များ ဝိုင်းကူစို့” ဟူသည့် iPhone 15 Pro Max ကို မဲဖောက်ပေးမည့် ကမ်ပိန်းကို ဖော်ဆောင်ထားကြောင်း ၊ ပြည်သူများအနေနှင့် မဲ တစ်စောင်လျှင် မြန်မာကျပ်ငွေ ၂၀၀၀၀ နှင့် ပါဝင်နိုင်မည်ဖြစ်ကြောင်း ၊ အဆိုပါ ကမ်ပိန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ ဒီဇင်ဘာလ ၂၀ ရက်နေ့ (ဓနုအမျိုးသားနေ့) တွင် iPhone 15 Pro Max ၅ လုံးကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း Danu People’s Liberation Front မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စပ်သီးကမ်ပိန်းတွင် ပါဝင်လိုသူများ https://www.facebook.com/profile.php?id=61552635596722… တွင် ပါဝင်နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article