27 C
Yangon

KNLA တပ်မဟာ ၅ နယ်မြေအတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံး

Must read

KNLA တပ်မဟာ ၅ နယ်မြေအတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေအတွင်း ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဥ်က ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဘူးသိုမြို့နယ်၊ ကဝါကျိုးရှိ အကြမ်းဖက် စစ်တပ် စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA အမှတ် ၅ တပ် မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများက ဝင်ရောက်တိုက်ခိုက်ခဲ့ရ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်‌နေ့ နံနက် ၁၀ နာရီခန့်တွင် လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စု အတွင်းရှိ ထွီဖားသူးလူ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်း ကို KNLA-အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများက ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေဒေသအတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဘလယ်လူစခန်းကို KNLA-အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ဘလယ်လူစခန်းမှ ထွက်လာသည့်အကြမ်းဖက် စစ်သားများကို KNLA-အမှတ်၅ တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲက တာဖဒေးအရောက်တွင် ထပ်မံ စောင့်ဆိုင်းပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ထပ်မံရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခေါ်ဒေါခို၌ စခန်းချထားသော အကြမ်းဖက် စစ်သားများနှင့် ထို့ညိုခီးတွင် စခန်းချထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိ ခဲ့ ကြောင်း၊ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် စစ်သည်တော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၄ မိနစ်ခန့်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူ တြော်ခရိုင်အုပ်ချုပ်ရာဒေသအတွင်းရှိ လူသောမြို့နယ်၊ ခေးပူကျေးရွာအုပ်စုအတွင်း၌ အခြေချကာထားသော ဘောလေးဒဲဒေသ၊ ထီးဂေလိုတံတားတွင် တပ်စွဲထားသည့် စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၇ တပ်များက ၈၁ မမ စိန် ပြောင်း လက်နက်ကြီးများဖြင့် ထီးဘောဖဒေး ကျေးရွာ အတွင်းနှင့် လယ်ကွင်းအတွင်းကို ပစ်ခတ်ခဲ့ရာ အိမ်ယာအမိုးအကာများပျက်စီးခဲ့ပြီးလယ်ကွင်းမှ ကောက်ပင်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article