31.3 C
Yangon

ဖြူးနှင့် ကျောက်တံခါးရှိ ကျေးရွာများတွင် စပါးရိတ်သိမ်းသော တောင်သူများထံမှ စစ်တပ်က တစ်ဧကကို ငွေကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ခံ

Must read

ဖြူးနှင့် ကျောက်တံခါးရှိ ကျေးရွာများတွင် စပါးရိတ်သိမ်းသော တောင်သူများထံမှ စစ်တပ်က တစ်ဧကကို ငွေကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ခံ

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာများတွင် စပါးရိတ်သိမ်းသော တောင်သူများထံမှ အကြမ်းဖက် စစ်တပ်က တစ်ဧကကို ငွေကျပ် ၁၀၀၀၀ မှ ၃၀၀၀၀ အထိ ကောက်ခံကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖြူးမြို့နယ် အတွင်းရှိ ကြူအင်းရွာ ပတ်ဝန်းကျင်မှ ဒေသပြည်သူများကို စပါး တစ်ဧက ရိတ်မည်ဆိုပါက ကျပ် ၁၀၀၀၀ မှ ကျပ် ၃၀၀၀၀ အထိ အကြမ်းဖက် စစ်တပ် နှင့် ရွာလူကြီးများက ပူးပေါင်းကာ အတင်း အဓမ္မ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်။

“တစ် ဧကသုံးသောင်းနှုန်း စစ်တပ်ကကောက်ခံနေတာရွာလူကြိီနဲ့ပေါင်းပြီး မပေးရင် မရိတ်ရဘူးလို့ ပြောတယ်”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ကျောက်တံခါးမြို့နယ် တောကျွဲအင်းရွာ ခေါ် အောင်မြင်မြို့မြောက်ပိုင်းတွင်လည်း ရာအိမ်မှူး မောင်ထူး နှင့် အပေါင်း အဖွဲ့များက တောင်သူများ၏ လယ်ထွက်နှုန်းမှစ၍ ရောင်းချလိုက်သူများ၏ စာရင်းများကိုပါ အတိအကျပေးရန် ပြောဆိုပြီး တစ်ဧကလျှင် ကျပ် တစ်သောင်းနှုန်း ပေးဆောင်ရမည်ဟု အတင်းအဓမ္မ ကောက်ခံနေကြောင်း သိရသည်။

ထို့ပြင် ကျောက်တံခါးမြို့နယ်ရှိ ကြိမ်ခါးကုန်းရွာတွင်လည်း အကြမ်းဖက် စစ်တပ်နှင့် အပေါင်းပါများက တောင်သူများကို စပါးရိတ်ခွင့်၊ ပဲကျဲခွင့် မပေးဘဲ ရွာသူရွာသားအားလုံးကို ရွာထဲမှ နှင်ထုတ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“အောင်မြင်အုပ်ချုပ်ရေမှူးနဲ့ ရဲစခန်း၊ စစ်တပ်တွေ ပူးပေါင်းပတ်သက်မှုရှိတယ်။ ။ပဲနွယ်ကုန်း ၃၀၇ စစ်တပ်နဲ့ နီးတဲ့ ကြိမ်းခါးကုန်းရွာဆိုရင် စပါးလည်းမရိတ်ရ၊ ပဲမကျဲရ။ အားလုံးကို ထွက်ပြေးခိုင်းထားတယ်။ ရွာထဲက လူသူ မရှိ ။ ရန်သူသဖွယ်ဆက်ဆံနေပါတယ်”ဟု ဒေသ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article