29.6 C
Yangon

ဒီပဲယင်း၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

Must read

ဒီပဲယင်း၊ ဝက်လက်နှင့် စစ်ကိုင်းမြို့နယ်တွင် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြနန္ဒ စစ်ဆင်ရေး(မန္တလေး)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က ဒီပဲယင်းမြို့နယ်၊ ငဝဲတောကျေးရွာ စာသင် ကျောင်းကို အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်၏ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ လက်အောက်ခံ ခလရ ၇၁ မှ အကြမ်းဖက် စစ်သား၊ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ် နေရာများကို တိကျစွာ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း သိရသည်။

ဗုံးကျဲ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် စစ်အုပ်စုမှ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့် Free Rangers (DPY) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဝက်လက်မြိုနယ်၊ ရှိန်းမကား ရဲစခန်းနှင့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ သိမ်ကျောင်း ကျေးရွာကို စီးနင်း ဝင်ရောက်နေသော စစ်ကြောင်းတို့ကို Drone ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သော်လည်း ဗုံးသီးများမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) နှင့်အတူ Free Rangers (DPY) ၊ Pro Life (ဝက်လက်အနောက်) ၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ (ဝက်လက်အရှေ့) ၊ ပဒူတိုက်နယ်(ပကဖ) တို့ ပူး ပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အနေဖြင့် ပိုမိုထိရောက်သော စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်နိုင်ရန် ငွေကြေးလိုအပ်ချက်များစွာရှိနေပြီး ပြည်သူများပိုမိုပါဝင်ထောက်ပံ့ပေးကြပါရန် မြနန္ဒာစစ်ဆင်ရေး ပြန်ကြားရေးဗျူရိုက မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article