ရန်ကုန်၊ မတ် ၂၄
ရန်ကုန်တိုင်း အလုံမြို့နယ် သခင်မြပန်းခြံလမ်းတွင် စစ်ကောင်စီဒေါက်တိုင် အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် Omni Focus YBS 56 ယာဉ်များကို မတ်လ ၂၃ ရက်နေ့ ည ၈နာရီ ၂၅ မိနစ်အချိန် Special Task Agency Of Burma (STA) အဖွဲ့က မီးရှို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးရှို့တိုက်ခိုက်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မသိရှိရသေးဘဲ STA အဖွဲ့သားများ အနေဖြင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Special Task Agency Of Burma (STA) အဖွဲ့သည် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရန် အဆုံးသတ် တိုက်ပွဲများ ဆင်နွှဲနေသော မြို့ပြ ပျောက်ကြား တပ်ဖွဲ့ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ နှင့်အတူ လက်ပါးစေများ စစ်အုပ်စု ထောက်တိုင်များကို ရှင်းလင်းဖျက်ဆီးခြင်း လုပ်ငန်းများ ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း STA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။