အရာတော်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၃
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှစတင်ကာ ၆ နာရီ ၃၀ မိနစ်အထိ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထိခိုက်မှုရှိတာတွေကိုတော့ ကင်းထောက် droneနဲ့ တွေ့ခဲ့ရတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းမျိုးဆက် (PGZ) ၊ ဗိုလ်ချုပ် (ဝက်လက်) နှင့် နယ်စီးမခြား ဗိုလ်ပျံလွှား မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။