27 C
Yangon

ရေစကြိုမြို့နယ်ရှိ ပျူစောထီးများ နေထိုင်သော ကျေးရွာများကို စစ်​တပ် စစ်ကြောင်းများက ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွား

Must read

ရေစကြိုမြို့နယ်ရှိ ပျူစောထီးများ နေထိုင်သော ကျေးရွာများကို စစ်​တပ် စစ်ကြောင်းများက ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွား

ရန်ကုန်၊ အောက်တိုဘာ ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပျူစောထီးများ နေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွားကြောင်း ပျူစောထီးအဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရေစကြိုမြို့နယ်ရှိ တောင်လက်ဒေသတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က PDF တပ်ဖွဲ့ဝင်များ ရှိသည့် နေရာများကို သွားခြင်း မပြုလုပ်ဘဲ ပျူစောထီးများ နေထိုင်သည့် ကျေးရွာများကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးကာ နေအိမ်အတွင်းရှိ အစားအသောက်များ၊ စားသောက်ကုန်များ၊ တန်ဖိုးရှိပစ္စည်းများ၊ ရွှေ၊ ငွေများကို ယူဆောင်သွားကြောင်း သိရသည်။

“စစ်ခွေးတွေက နယ်မြေ ရှင်းလင်းဖို့ ရောက်လာတာဆိုပြီး PDF တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို မသွားဘဲ ပျူစောထီးတွေရှိတဲ့ ရွာတွေနဲ့ နီးစပ်တဲ့ ရွာတွေမှာနေပြီး သောက်စား မူးရူးနေတာ ဆိုင်ကယ်တွေကိုလည်း ၃ ယောက်စီးပြီး သွားလာနေတာ ဂိုဏ်းစတားများလို လှည့်ပတ်နေတာ ပျူစောထီးရွာတွေကို ဝင်စီးနင်းပြီး နေအိမ်အတွင်းက အစားအသောက်တွေ တန်ဖိုးရှိ ပစ္စည်းတွေ ရွှေ၊ ငွေ အကုန်ကိုယူသွားတာ” ဟု ပျူစောထီးအဖွဲ့ဝင်များက ​ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် ဒေသခံ ပျူစောထီးအဖွဲ့များကို ချိတ်ဆက်ဆောင်ရွက်ခြင်း မပြုလုပ်ဘဲ ကျေးရွာများအတွင်းရှိ စစ်တပ် ထောက်ခံသူများ၏ နေအိမ်များကို အကြောင်းမဲ့ ဝင်ရောက် မွှေနှောက်ပြီး နေအိမ်ရှိ စစ်တပ် ထောက်ခံသူများကိုလည်း ရိုက်နှက်ခြင်း များ လုပ်ဆောင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article