28 C
Yangon

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

Must read

ရွှေဘိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်း‌၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဘုန်းဘွဲ့ကျေးရွာတွင် ညအိပ်တပ်စွဲခဲ့သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အောက်တိုဘာ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဘုန်းဘွဲ့မှ နှောပင်ကျေးရွာဘက် ဝင်ရောက်စဥ် လမ်းတစ်လျှောက်နှင့် မူးဘောင်အနီးတစ်ဝိုက်တွင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြို၍ ရှေ့ထွက်မိုင်း ၄ ပွိုင့်၊ ပဒေသာမိုင်း ၆ ပွိုင့်ဖြင့် ညနေ ၄ နာရီမှ ၅ နာရီခွဲအချိန်အထိ စောင့်ကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ကို ပြန်လည်သယ်ဆောင်လာပြီး အနီးအနားရှိ သုသာန်၌ သဂြိုလ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ယင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ်၊ ပလိုင်းခြံမှ နံနက် ၉ နာရီ ၃၇ မိနစ်အချိန်ခန့်တွင် အင်အား၈၀ ကျာ်ဖြင့် ပြန်လည် ဆုတ်ခွာလာချိန် ရွာသစ်ကျေးရွာ အနောက်မူးဘောင် အရောက်၌ ပဒေသာမိုင်း ၃ လုံး၊ ပွိုင့် ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၂ ဦးကို တွဲခေါ်ထုတ်သွားရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာသစ်ကျေးရွာမှ ရွှေဘိုမြို့ဘက်ကို ထွက်ခွာလာစဥ် ဇီးတောရွာထိပ်ကို စစ်ကြောင်း၏ ရှေ့တိုး ကင်းအရောက် နံနက် ၇ နာရီ ၂၅ မိနစ်အချိန်တွင် ရှေ့ထွက်မိုင်း ၂ လုံးပွိုင့် တစ်တစ်ပွိုင့်ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) နှင့် အတူ စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တစ်ကောင်ဖွားမိုးကြိုးတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article