32 C
Yangon

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

Must read

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံး၊ စစ်တပ်ထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ နှင့် MNDAA တပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်က ကိုးကန့်ခရိုင်၊ ရှင်ဝမ်ဒေသ ၊ ရှိပတ်လင် စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် စစ်တပ် လက်အောက်ခံ ပတ်စော်ချိန် ပြည်သူ့စစ် အဖွဲ့ ၏ စခန်းကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးပြီး ဒရုန်း ၂ စီးနှင့် ကား ၄ စီးတို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်တပ်ထံမှ ကျည်ကာ အင်္ကျီ ၁ ထည်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်အတောင့် ၆၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် နမ့်ခုံဟော်ရွာနှင့် ရှိပတ်လင်ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့နှင့် ကိုးကန့် ပြည်သူ့စစ် ပူးပေါင်း အင်အား ၁၀၀ ခန့်သည် လက်နက်ကြီး ပစ်ကူယူကာ MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ကျည်ဘောက် ၁ ခု၊ ကျည် ၂၆ တောင့်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ နေရာကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ လက်နက်ခဲယမ်းအချို့၊ မူးယစ် ဆေးဝါးစိတ်ကြွပြား ၄ ထုပ်နှင့် မြေမြုပ်ထားသည့် ကိုးကန့်ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၁ ဦး၏ ရုပ်အလောင်းတစ်လောင်းတို့ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

စစ်မြေပြင်၌ ကိုးကန့်လူမျိုးနှင့် မင်းအောင်လှိုင်တပ်ဖွဲ့တို့ပူးပေါင်း ရောနှောနေသည် ကိုမတွေ့ချင်ကြောင်း၊ ကိုးကန့်(MNDAA) သည် ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဟု ဆိုသည့် ရပ်တည်ချက်ကို စွဲမြဲထား သော်လည်း သေနတ်ဖြင့် ကိုယ့်လူကို ချိန်စပါက မိမိတို့ဘက်မှ တုံ့ပြန်သွားမည်ဖြစ်ကြောင်း မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA)မှအရာရှိတစ်ဦးက ပြောဆို ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article