26 C
Yangon

ကနီနှင့် ဆားလင်းကြီးရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်

Must read

ကနီနှင့် ဆားလင်းကြီးရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များအတွက် စာသင်ဆောင် ဆောက်လုပ်နိုင်ရေး ကမ်ပိန်း ပြုလုပ်မည်ဖြစ်ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာ ၄ ရက်နေ့အထိ ကမ်ပိန်းကို ပြုလုပ်မည်ဖြစ်ပြီး အညာဒေသရှိ စစ်ဘေးရှောင်ကလေးငယ်များဖြင့် မီးဘေးသင့် ကလေးငယ်များ ပညာရေး ချောမွေ့စေရန် “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် အညာဒေသ ကလေးငယ်များ အတွက် စာသင်ဆောင် ၂ ဆောင် ဆောက်လုပ်နိုင်ရန် ငွေကျပ်သိန်း ၃၀ လိုအပ်နေပြီး “စာသင်ဆောင်အလှူ ဝိုင်းလို့ကူ” ကမ်ပိန်းကို ပြည်သူများ အနေဖြင့် ဝိုင်းဝန်း ကူညီပေးကြရန် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က မေတ္တာရပ်ခံထားသည်။

အဆိုပါ ကမ်ပိန်းတွင် ပါဝင်လိုသော ပြည်သူများ အနေဖြင့် https://m.facebook.com/story.php?story_fbid=292012613739289&id=100087916585581&mibextid=Nif5oz အညာပစ်တိုင်းထောင်လေးများ အဖွဲ့၏ Facebook Page ကို ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article