31 C
Yangon

ဖားကန့်၊ မြန်မာသူရကျောက်စိမ်း ကုမ္ပဏီဝင်းအတွင် တပ်စွဲထားသော စစ်တပ်ကို KIA က တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား၊ ၀ိုင်းမော် ကဇူးတံတားလုံခြုံရေး စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် တိုက်ပွဲဖြစ်

Must read

ဖားကန့်၊ မြန်မာသူရကျောက်စိမ်း ကုမ္ပဏီဝင်းအတွင် တပ်စွဲထားသော စစ်တပ်ကို KIA က တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြား၊ ၀ိုင်းမော် ကဇူးတံတားလုံခြုံရေး စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲပြီးနောက် တိုက်ပွဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသော စစ်တပ်ကို KIA က တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားကြောင်း KIA က ပြောဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်အချိန်မှ ည ၁၁ နာရီအချိန် ဖားကန့်နှင့် လုံးခင်းအကြား မြန်မာသူရ ကုမ္ပဏီဝင်းအတွင်း အထိုင်ချထားသော စစ်တပ်စစ်ကြောင်းကို KIA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်တပ်က အထိနာခဲ့ပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ ၁ ဦး အနည်းငယ် ထိမှန်ဒဏ်ရာရရှိကြောင်း KIA က ကချင်ဘာသာဖြင့် အသိပေးထုတ်ပြန်ထားသည်ဟု သိရှိရသည်။

“စစ်တပ်ဘက်ကတော့ အတော်ကို အထိနာသွားတာ။ ဘယ်လောက်သေလဲ ဘယ်လောက်ဒဏ်ရာရလဲတော့မသိဘူး။ ဖားကန့်မှာ မနေ့ည တစ်ညလုံး လက်နက်ကြီးပစ်ခတ်သံတွေ ညံနေတာပဲ” ဟု ဖားကန့်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင်အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီး-ဗန်းမော်သွားလမ်းပေါ်ရှိ ကဇူးတံတားအနီးရှိ စစ်တပ်စခန်းကို KIA က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်ကလည်း တန်ပြန် ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။

မြစ်ကြီးနား – ဗန်းမော် သွားလမ်းတွင်ရှိသည့် ကဇူးတံတားအား လုံခြုံရေးယူထားသည့် တပ်မတော်စခန်း KIAလက်နက်ကိုင်အဖွဲ့က နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အတိအကျ မသိရှိရသေးဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article