29.8 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

Must read

ရွှေဘိုမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၅ ဦး သေဆုံး၊ စစ်ကိုင်းမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် အရက်ဝိုင်းဖွဲ့သောက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကို လက်ပစ်ဗုံး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲအုပ် သိန်းနန်းဝင်းအပါအဝင် ၅ ဦးသေဆုံးခဲ့ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီ မိနစ် ၄၀ ခန့်က ရွှေဘိုမြို့၊ အမှတ် ၁၀ တပ်မြို့ တောင်ရပ်ကွက်ရှိ ရဲအုပ် သိန်းနန်းဝင်း၏ နေအိမ်၌ အရက်ဝိုင်းဖွဲ့သောက်နေစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲအုပ်သိန်းနန်းဝင်းအပါအဝင် ၅ ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၂၃ တပ်ရင်း၊ Naung Yoe Army တပ်ခွဲ ၁၊ ရွှေဘိုကျားကြီး တပ်ခွဲ ၄၊ Revulotion soldier နှင့် ရှိမ်းမကားတိုက်နယ် ပကဖ တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ အ.ထ.က ၂ ကျောင်းအနီး၊ ပညာရေးမှူးရုံး ဝန်းကျင်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့ ည ၈ နာရီခန့်တွင် ရွှေဘိုမြို့ပေါ်ရှိ အ.ထ.က ၂ ကျောင်းအနီး၊ ပညာရေးမှူးရုံး ဝန်းကျင်တွင် အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တော်လှန်း ရဲဘော်များက ဗုံးသီး ၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု​​အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်ဒဏ်ရာရကာ သေဆုံးနိုင်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စိုင်နိုင်တိုက်နယ် (သိဒ္ဓိရှင်) ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ တာနောယက္ခ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ရွှေဘိုကျားကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းမြို့နယ်၊ အမှတ် ၁၆ ရဲတပ်ရင်း၊ အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ကံတလူတိုးဂိတ် ရှိ အကြမ်းဖက်စစ်ကေင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် နေ့က စစ်ကိုင်းမြို့နယ်၊ အမှတ် ၁၆ ရဲတပ်ရင်းအတွင်းရှိ လက်နက် တိုက်နှင့် အရာရှိ အဆောင်တို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လက်နက်တိုက်မီးလောင်ကျွမ်းခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် အမှတ် ၃ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ကံတလူတိုးဂိတ်တို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က မစ်ရှင်ကို အဖွဲ့တွေပေါင်းလုပ်ခဲ့တာ၊ လေးယောက်သေတယ်၊ တိုးဂိတ်က နှစ်ယောက်၊ ရဲတပ် ရင်း ၁၆ ထဲက နှစ်ယောက်သေတာ၊ လေးယောက်သေတဲ့အထဲမှာ ထွေအုပ်က ဦးစီးမှူးလား၊ ဒုဦးစီးမှူး လားမသိဘူးပါတယ်၊ ထိခိုက်တာတွေလည်းများတယ်၊ ထပ်သေနိုင်တဲ့သူတွေလည်း ရှိသေးတယ်လို့ သိရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Federal Wings အမှတ် ၁၈၀၈ တပ်ရင်း၊ Gost Team Ranger Myinmu ၊ Phoenix SGG ၊ Unicorn LDF ၊ Royal Falcon နှင့် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ပကဖတို့ ပူးပေါင်း ကာ တို်ကခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးနီးကပ်ကပ် နေထိုင်ခြင်းခြင်းမပြုကြရန် မေတ္တာရပ်ခံထားကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article