မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကန်တောင်ယန် စစ်တပ်အခြေစိုက်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်
ရန်ကုန်၊ အောက်တိုဘာ ၃၁
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကန်တောင်ယန် စစ်တပ် အခြေစိုက်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်အစောပိုင်းတွင် ယင်းစခန်းကို KIA ဦး ဆောင် သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီဝန်းကျင်အချိန် အပြီးသတ် သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မနက်လင်းအားကြီးအချိန်ကတည်းက ဝင်တိုက်တာ။ ဒီမနက် ၉ နာရီ လောက် မှာ စခန်းထဲကို ဝင်ပြီး စခန်းတစ်ခုလုံး ရပြီ။ နယ်မြေရှင်းနေတုန်းပဲ။ လိုင်ဇာကို လက်နက်ကြီးနဲ့ ထုနေတာ အဲဒီစခန်းကို ဝင်တိုက်လို့ ” ဟု ရှေ့တန်း KIA သတင်း ရင်းမြစ်က ပြောဆိုသည်။
ယမန်နေ့ ညပိုင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြိုနယ် မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီတပ် ခလရ ၃၂၄ တပ်အထိုင်စခန်းကြီုကို KIA က တိုက် ခိုက်သိမ်းပိုက်ခဲ့သည့်အပြင် ကွမ်းလုံမြို့နယ်၊ ကာမိုင်း ဗျူဟာစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။