26 C
Yangon

ဒီပဲယင်းတွင် စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ပြည်သူ ၈ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

Must read

ဒီပဲယင်းတွင် စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ပြည်သူ ၈ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က ပြည်သူ ၈ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ၊ ပစ်သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ခံ ကိုကြီးဖြိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၈ ရက်နေ့က စတင်ပြီး ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်း ထိုးခဲ့သော အကြမ်းဖက် စစ်သားများသည်သိမ္ဘာကျေးရွာနှင့် ကျေးရွာအနီးအနားတွင် ပြည်သူ ၄ ဦးဖြစ်ကြသည့်

၁။ အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင် ကို (ခေါင်းဖြတ်သတ်)

၂။ အသက် ၃၄ နှစ်အရွယ် ကိုဇော်မျိုးအောင် ကို (ခေါင်းဖြတ်သတ်)

၃။ အမည်မသိ ပြည်သူ ၁ ဦးကို (ဗိုက်ခွဲ ခေါင်းသတ်ဖြတ် )

၄။ အမည်မသိ ပြည်သူ ၁ ဦးကို (ခေါင်းဖြတ်သတ်) တို့ကိုလည်းကောင်း၊

၅။ ဘုတ္ထန်းရွာသား ဦးကြည်ဝင်း ကို ထန်းပင်ပေါ်တွင် ပစ်သတ်၍ လည်းကောင်း

၆။ ရှမ်းတောကျေးရွာမှ အသက် ၃၉ နှစ်အရွယ် ပန်းပုရွာသား ကိုငြိမ်းမင်းဦး ကို (ခေါင်းဖြတ်သတ်)

၇။ ရှမ်းတောကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ကံပြားရွာသား ကိုကျန်ထွန်း ကို (ခေါင်းဖြတ်သတ်)

၈။ မင်းတဲကုန်းကျေးရွာမှ အသက် ၆၀ အရွယ် မင်းတဲကုန်းရွာသား ဦးညိုဝင်း ကို ခေါင်းဖြတ်သတ် ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၂၁ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွား​ပြီး စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများမှာ-

၁။ ကိုအောင်ဇင် (ကျွန်းတော်ကြီးကျေးရွာ)

၂။ ကိုမင်းမင်း (ကျွန်းတော်ကြီးကျေးရွာ)

၃။ ကိုကျော်ထွန်း (ကျွန်းတော်ကြီးကျေးရွာ)

၄။ ကိုဆန်းဦး (ကျွန်းတော်ကြီးကျေးရွာ)

၅။ ကိုဝင်းခိုင် (ကျွန်းတော်ကြီးကျေးရွာ)

၆။ ကိုနတ်စား (အုန်းတင်ရွာ)

၇။ ကိုတရုပ်ကြီး (ကံပြားရွာ)

၈။ ကိုဝင်းဟိန်းဦး (ကံပြားရွာ)

၉။ အသက် ၃၇ နှစ်အရွယ် ဝင်းအောင် (ရှမ်းတောရွာ)

၁၀။ အသက် ၃၃ နှစ်အရွယ် မျိုးမြင့်ထွန်း (ရှမ်းတောရွာ)

၁၁။ အသက် ၃၃ နှစ်အရွယ် တင်မောင်လင်း (ရှမ်းတောရွာ)

၁၂။ အသက် ၂၅ နှစ်အရွယ် ရဲရင့်အောင်(ရှမ်းတောရွာ)

၁၃။ အသက် ၁၅ နှစ်အရွယ် ဟိန်းညီညီ (ရှမ်းတောရွာ)

၁၄။ အသက် ၁၈ နှစ်အရွယ် ငြိမ်းချမ်းဖြိုး(ရှမ်းတောရွာ)

၁၅။ အသက် ၃၂ နှစ်အရွယ် အောင်ကို (ရှမ်းတောရွာ)

၁၆။ အသက် ၁၄ နှစ်အရွယ် မြင့်မြတ်သူ(ရှမ်းတောရွာ)

၁၇။ အသက် ၂၀ အရွယ် သီဟကျော် (ရှမ်းတောရွာ)

၁၈။ အသက် ၁၈ နှစ်အရွယ် ချစ်စမ်းသူ (ရှမ်းတောရွာ)

၁၉။ အသက် ၁၈ နှစ်အရွယ် စိုင်းကိုဦး (ရှမ်းတောရွာ)

၂၀။ အသက် ၃၅ နှစ်အရွယ် မောင်ပို(ရှမ်းတောရွာ)

၂၁။ အသက် ၁၉ နှစ်အရွယ် အောင်ကျော်( မင်းတဲကုန်းကျေးရွာ) တို့ဖြစ်ပြီး လက်ရှိချိန်ထိ စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article