ရန်ကုန်၊ မတ် ၂၆
အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေးနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကိုဖြိုးဇေယျာသော်မွေးနေ့အထိမ်းအမှတ်အဖြစ် ‘အားလံးစုစည်းနေရင် ဘာမှမဖြစ်’ စာတန်းကို ကိုင်ဆောင်ကာ ယနေ့ မတ်လ ၂၆ ရက်တွင် ရန်ကုန်ရှိ တော်လှန်လူငယ်များဆန္ဒပြကြသည်။
စစ်ကောင်စီမှကျင်းပမည့် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းနားတက်ရောက်ရန် ရုရှား ဒုဝန်ကြီး မြန်မာနိုင်ငံထဲ ရောက်ရှိနေချိန်တွင် ယူကရိန်းအလံကို ပင့်မြှောက်လာ၍ | ယူကရိန်း- မြန်မာ | အဖိနှိပ်ခံလူတန်းစားများအားလုံး တစ်သားတည်းရှိနေကြောင်း ပြသခဲ့ကြသည်။
Yangon Revolution Force – YRF (Soft Strike Community ) ၊ Revolution Force ( RF ) နှင့် အခြေခံကျောင်းသားများရေးရာအဖွဲ့ ( အကရ ) လူငယ်များ ပူးပေါင်း ချီတက် သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။
Photo – AMIJJ