23 C
Yangon

ရန်ကုန်၊ သန်လျင်ရှိ ရေနံချက်စက်ရုံမှ CDM ဝန်ထမ်း အိမ်ထောင်စု ၁၂၀ ကျော် လူဦးရေ ၅၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာမှ အကြမ်းဖက်စစ်ကောင်စီ မောင်းထုတ်

Must read

ရန်ကုန်၊ မတ် ၂၆

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ် ၁ ၊ ရေနံချက်စက်ရုံ (သန်လျင်)မှ CDM ပြုလုပ်ထားသည့် ဝန်ထမ်း အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ဝန်ထမ်းအိမ်ရာမှ ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြမ်းဖက် စစ်ကောင်စီမှ စာပေးပို့လာကြောင်း CDM ဝန်ထမ်းများ ထံမှ သိရှိရသည်။

“တော်တော်များများတော့ ကြောက်လန့်ပြီးတော့ ထွက်ပြေးရှောင်နေကြပါပြီ ။ ရှိတဲ့ အိမ်ကို စာဝေသွားတယ်။ ရှောင်နေပေမယ့် အိမ်ခန်းတွေကို စာတွေကပ်သွားတယ်။ ၄ လပိုင်း ၈ ရက်နေ့ အကုန်လုံးဖယ်ခိုင်းတာ ။ အိမ်ထောင်စု ၃၉ စုကတော့ လုံးဝမငှားနိုင်ဘဲ အခက်တွေ့နေကြတယ်” ဟု CDM ဝန်ထမ်းတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာမှ မောင်းထုတ်ခံရသည်မှာ အိမ်ထောင်စု ၁၂၀ ကျော် လူပေါင်း ၅၀၀ ကျော် ဝန်းကျင်ခန့် ရှိကြောင်း၊ ဧပြီလ ၈ ရက်နေ့တွင် ဖယ်ရှားခြင်းမပြုပါက အင်အားသုံးဖယ်ရှားမည်ဟု ပြောသွားကြောင်း အဆိုပါ CDM ဝန်ထမ်းများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article