By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်လ ၂၆ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ၃၀၀နီးပါး ဟိုပင်မြို့ဘက်ကို ထိုးစစ်ဆင်လာလို့ ဟိုပင် KPDF အပါအဝင် ပူးပေါင်းတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
– ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဝေါ်လေမြို့နယ်ခွဲအတွင်းကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ မနေ့က ညပိုင်းမှာ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
-ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရဲ့ အမှတ် ၁ ၊ ရေနံချက်စက်ရုံမှ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်း အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ဝန်ထမ်းအိမ်ရာကနေ ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ အကြမ်းဖက် စစ်ကောင်စီမှ စာပေးပို့လာတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။