25 C
Yangon

တောင်ကြီးတွင် ကရင်နီစစ်ဘေးရှောင်ကူညီသူ ပရဟိတလူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်

Must read

ရန်ကုန်၊ မတ် ၂၆

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်ကရင်နီပြည် ဒီမောဆို အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များကို သွားရောက် လှူဒါန်းသည့် ပရဟိတလုပ်ဆောင်နေသည့် လူငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဖမ်းဆီး ခံရသူများမှာ အာယုပါလသွေးလှူရှင် အသင်း ခေါင်းဆောင် ကိုမင်းမင်းထွန်း၊ ကိုဇွဲ၊ မလင်းလက်ခိုင်၊ မထက်ထက်နှင့် လူငယ် ၂ ဦးတို့ ဖြစ်ပြီး စစ်ဘေးရှောင်များကို လှူဒါန်းပြီး ရှမ်းပြည် ဆီဆိုင်အပိုင် နောင်ထော်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

“အားလုံးက တောင်ကြီးကပါ။ အာယုပါလအသင်းကားကိုလည်း သိမ်းယူထားပါတယ်။ စစ်ရှောင်တွေကို ကူညီပြီး အပြန်ဖမ်းခံထိတာ PDF ဆိုပြီး” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်ကောင်စီများသည် ပရဟိတလူငယ် ၆ ဦးကို တောင်ကြီးရှိ စစ်တပ်ထဲသို့ ခေါ်ဆောင်သွားပြီး အမျိုးသား ၃ ဦးကို ရိုက်နှက်နှိပ်စက်နေကြောင်း၊ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များ တွေ့ဆုံခွင့်ရရန် ကြိုးပမ်းနေကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article