ရေစကြိုမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၈
ရေစကြိုမြို့နယ်တွင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) ၏ စီစဥ် ဆောင်ရွက်ပေးမှုနှင့်အတူ လက်ပံတောင်းတောင်ပင်မသပိတ်၊ မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။