26.3 C
Yangon

ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာတွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦးသေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ်၊ ကော့ပြင့်ရွာနေ အသက် ၄၅ နှစ်အရွယ် ဦးချိုသည် ကွမ်းသီးခွာရန် သွားရောက်စဥ် ကော့ပြင့်ရွာ လမ်းပိုင်း၌ စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း သိရသည်။

” ကော့ပြင့်ကြေးရွာမှာ စစ်ခွေးတွေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ တစ်ဦးသေဆုံးသွားတယ်။ သူက ကွမ်းသီးခွာဖို့ သွားတုန်း ကော့ပြင့်ရွာထဲက ရွာလမ်းမှာပဲ မိုင်းထိပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် အပါအဝင် မြို့နယ်အများအပြားတွင် စစ်တပ်က ၎င်းတို့၏ တပ်ရင်းတပ်ဖွဲ့များကို တော်လှန်ရေး တပ်ဖွဲ့များ လာရောက်တိုက် ခိုက် မည်ကို စိုးရိမ်၍ အများပြည်သူ သွားလာနေသော လမ်းများတွင်ပါ မချန် မြေမြုပ်မိုင်းများ ထောင် ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article