28.6 C
Yangon

ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရွှေဘိုမြို့နယ်ရှိ ပျူစောထီးစခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦးသေဆုံး၊ ပေါက်ခေါင်းမြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ သီးလုံးပျူစောထီးရွာနှင့် မြင်းချင်းပျူစောထီးရွာတို့ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာ ၈ ရက် နံနက် ၇ နာရီခွဲခန့်က ရွှေဘိုမြိုနယ်၊ သီးလုံးပျူရွာ နှင့် မြင်းချင်းပျူရွာတို့အား Drone ဖြင့် ၆၀ မမ ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာတွင် ပျူစောထီး ၂ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ် ရာ ရရှိခဲ့ကြောင်း သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရရှိသူများကို ရွှေဘိုဆေးရုံသို သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – Wild Tiger LPDF ၊ Bo Ba Taw – SHWEBO LPDF အဖွဲ၊ LIGHTNING DRONE FROCE ( We are everywhere) ၊ GOLDEN EAGLE-ZBG၊ ဗိုလ်ဂျပန်ကြီး – ရွှေဘို LPDF၊နဂါးနီ အာဠာဝက – ရွှေဘို LPDFနှင့် တောင်သူကြီးများအဖွဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသော အကြမ်းဖက်စစ်သား၊ ရဲ ၊ပျူစောထီးနှင့် အကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်များကို ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာတွင် နေထိုင် သော အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူခေါင်းဆောင် ကျေးလက်စိုက်ပျိုးရေး ချေးငွေဘဏ် ကျေးရွာအုပ်စု ဥက္ကဌ တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ပေါက်ခေါင်းမြိုနယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကျောက်ပြင်သာရွာတွင် နေထိုင်သော ပျူခေါင်းဆောင် ဝင်းနိုင်ကို ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ဝင် ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ ဦးခေါင်းထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရ သည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၅ (နွေဦးအဖွဲ) နှင့် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင် ပျူခေါင်းဆောင် ဝင်းနိုင်သည် လှည်းကူးကျေးရွာအုပ်စုအတွင်း ကျေးလက်စိုက်ပျိုးရေးချေးငွေဘဏ် ဥက္ကဌဟု ဆိုကာ ကျေးရွာအုပ်စုအတွင်းမှ လယ်သမားများကို စိုက် ပျိုး ရေးချေးငွေများ အတင်းအကြပ်ဖိအားပေး ဆပ်ခိုင်းခြင်း၊ တော်လှန်ရေးရဲဘော်များ၏ သတင်းကို လိုက်လံထောက်လှမ်းပြီး စစ်ကောင်စီထံသတင်းပေးပိုခြင်း၊ ၎င်းကိုယ်တိုင် ပျူသင်တန်းဆင်းကာ ခေါင်း ဆောင်လုပ်၍ စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ကျူးလွန်ဆောင်ရွက်နေသဖြင့် ပစ်ခတ်ရှင်လင်း ခဲ့ ခြင်းဖြစ်ကြောင်း Bago Region PDF က ထုတ်ပြန်ထားသည်။

ပျူစောထီး ခေါင်းဆောင်ဝင်းနိုင်၏ တပည့်များ ပျူစာထီး စာရင်းများကိုလည်း ရရှိထားပြီး ၎င်းတို့အနေဖြင့် အချိန်မှီ ပြည်သူလူထုထံ အမြန်ဆုံးအလင်းဝင်ကြရန် နှင့်အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသား ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article