30 C
Yangon

လောက်ကိုင်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ၊ “၀” ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများ ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရ

Must read

လောက်ကိုင်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ၊ “၀” ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများ ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရ

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်၊ ပါစင်ကျော်ကျေးရွာအနီး ပိတ်မိနေသူ ပြည်သူများအနေဖြင့် စားဝတ်နေရေး ခက်ခဲနေပြီး ၀ပြည်နယ်ထဲသို့ စစ်ဘေးရှောင်လိုသူများအနေဖြင့် ဖုန်းနှင့်အိတ်များအားလုံး စုပုံထားခဲ့ရကြောင်း စစ်ဘေးရှောင် ပြည်သူများက ပြောဆိုကြသည်။

နိုဝင်ဘာလ ဆန်းပိုင်း လောက်ကိုင်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ခန့် ထွက်ပြေးလာပြီးနောက် လမ်းခုလတ် ပါစင်ကျော်ကျေးရွာအနီးတွင် စစ်ဘေးရှောင် ပြည်သူများကို ရှေ့ဆက်မသွားရန် လက်နက်ကိုင်အဖွဲ့များက တားဆီးထားပြီး ဖုန်းနှင့်အိတ်များအားလုံးကို သုံးစွဲခွင့်မပြုဘဲ စုပုံထားရကြောင်း၊ လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးသံများလည်း ကြားနေရကြောင်း၊ စားသောက်ကုန်စျေးနှုန်းများမှာလည်း ထိုးတက်လျက်ရှိကြောင်း သိရှိရသည်။

“အခုတရုတ်ယွမ် ၁ယွမ်ကို မြန်မာငွေကျပ် ၃၉၀ ပေါက်တယ်။ ပေါ်ဆန်းမွှေး ဆန်တစ်ပြည်ကို တရုတ် ၁၀၀ ယွမ်။ ဆန်ကြမ်းတစ်ပြည်ကို တရုတ်ယွမ် ၅၀ယွမ်။ ဆန်ကွဲတအိတ်ကို ၇၀ ယွမ် ဖြစ်ကုန်ပြီ။ ဖုန်းတွေ ပေးမသုံးဘူး။ စုပုံထားရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် MNDAA တပ်များက လောက်ကိုင်အနီး ပိတ်မိနေသူ ပြည်သူတချို့ကို “၀” ပြည်နယ်ဘက်သို့ ပို့ဆောင်ပေးနေကြောင်း၊ သို့ရာတွင် မိုဘိုင်းလ်ဖုန်းနှင့်အိတ်များအားလုံးကို သယ်ယူခွင့်မပေးကြောင်း၊ ဖုန်းနှင့်အိတ်များကို စုပုံထားခဲ့ရကြောင်း သိရှိရသည်။

“စစ်ဘေးရှောင်တွေရဲ့ ဖုန်းတွေ အိတ်တွေအကုန်လုံးကို အမေးအမြန်းမရှိ စုပုံထားခိုင်းပါတယ်။ လမ်းလျှောက်လာရတဲ့ စစ်ဘေးရှောင်တွေမှာ အိတ်လေး တစ်လုံးနဲ့ ဖုန်းစုတ်လေးပဲ ရှိကြတာပါ။ အဲ့ဒါကိုတောင် ဖုန်းတွေအိတ်တွေကို ထားခဲ့ရ တာ။ ဆိုင်ကယ်တွေလည်း ထားခဲ့ခိုင်းပါတယ်။ ပြီးရင် သူတို့ကားတွေနဲ့ ဝပြည်ထဲက ကယ်ဆယ်ရေးစခန်းကို တန်းပို့ပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လောက်ကိုင်ဒေသကို ပြန်လည်ရရှိရေး စစ်ဆင်ရေး အရှိန်အဟုန်တိုးမြှင့်လျက်ရှိကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article