NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်အဖွဲ့ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ် H.E. Mr. Emanuelis Zingeris နှင့် တွေ့ဆုံ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
လစ်သူရေးနီးယားနိုင်ငံမြို့တော် Vilnius သို့ တတိယအကြိမ်မြောက် Future of Democracy Forum တက်ရောက်ရန် ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ကိုယ်စားလှယ်အဖွဲ့သည် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ် H.E. Mr. Emanuelis Zingeris နှင့် တွေ့ဆုံခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုအား ထောက်ခံကြောင်းနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ လက်ရှိနွေဦးတော်လှန်ရေး ဖြစ်ပေါ်တိုးတက်မှုများ နှင့်ပက်သက်၍လည်းကောင်း အပြန်အလှန် အတွေ့အကြုံများကို မျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။