26.3 C
Yangon

ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး

Must read

ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေ​ကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျိုက်မရောမြို့နယ် ပေါလောကုန် ကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ကလေးနှစ်ဦး

ပွဲချင်းပြီ သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့ အထိ ကျိုက်မရောမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်း အဖွဲ့ နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ချောင်းနှစ်ခွ တိုက်ပွဲ​အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ချောင်းနှစ်ခွရွာ စာသင်ကျောင်းအနီးရှိ နေအိမ် ၁ လုံး ကျည်ထိမှန်ကာ မီးလောင်ပျက်စီးခဲ့ကြောင်း၊ ကျောက်ကွဲကျေးရွာကိုလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျကာ နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အိမ်မွေးဝက်များလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရေပူရွာ၊ ကော့ပ်ကျရွာ၊ ကော့ဒူးရွာနှင့် ကော့ပနောရွာများကိုလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူများ ပိတ်မိနေပြီး ချောင်းနှစ်ခွ တံတားလည်း စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ BGF တွေ အများပြား ထိခိုက် သေဆုံးမှုရှိတယ်။ BGF အနည်းဆုံး ၄ ဦး အရှင်ဖမ်းမိ ထားတယ်။ စစ်ခွေးတွေ လက်နက်ကြီးနဲ့ ပစ်လို့ နေအိမ်တွေ ပျက်စီးပြီး ချောင်းနှစ်ခွ တံတားလည်း ပျက်စီးမှု ရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article