27 C
Yangon

ကန့်ဘလူမြို့နယ်၊ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

Must read

ကန့်ဘလူမြို့နယ်၊ ၆၀၀၆ အမြောက်တပ်ရင်းကို ရှော့ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ရှိ အမှတ် ၆၀၀၆ အမြောက်တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ၂ ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kabula Underground Warrors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ် ခဲ့ရာ အခြေအနေ တစ်ခုကြောင့် ပစ်ခတ်ခြင်းမပြုခဲ့ရဘဲ ပြန်လည် ဆုတ်ခွာခဲ့ပြီး ကန့်ဘလူ ပျူစောထီးခေါင်း ဆောင် သောင်းငွေ၏ တပည့် ပျူစောထီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ထပ်မံသွားရောက် ပစ်ခတ်ခဲ့ရာ စစ်သား၊ ပျူစောထီများ စုဝေးနေထိုင်ရာ ၆၀၀၆ တပ် ရင်း အနီးရှိ ဘောလုံးကွင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Kanbula Warriors အဖွဲ့နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ် ပြီး အကြမ်းဖက်စစ်တပ်၏ ၆၀၀၆ အမြောက်တပ်ရင်းမှ ပြည်သူများ နေထိုင်ရာ အနီးအနားကျေးရွာ များသို့ ဟောင်ဝစ်ဇာလက်နက်ကြီးများနှင့် အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် တန်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ချပ်သင်းကုန်းကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ရမ်း သမ်းပစ်ခတ်မှုနှင့် ကျေးရွာအတွင်းမိုင်းထောင်မှုတို့ကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း Kotaungbo Revolution – KTB-R မှ တာဝန် ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်တွင် ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ချပ်ကုန်းကျေးရွာအနောက်ဘက်၊ လယ်ကွင်း ပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ချပ်သင်းကုန်းကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ကိုဖိုးကျော်၌ ဝမ်းဗိုက်နှင့် ဒူးတို့တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး အသက် ၄၈ နှစ် အရွယ် ကိုစောဝင်းမှာ ခြေထောက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် နေ့ကလည်း ချပ်သင်းကုန်းကျေးရွာမှ စစ်ကောင်စီတပ်သား များထွက်ခွာသွားပြီးနောက် ချပ်သင်းကုန်းရွာသား ကိုစိုးခိုင်နှင့် ကိုမောင်ခိုင်တို့ တို့သည် ကျေးရွာအတွင်း သို့ ပြန်လည်ဝင်ရောက်ခဲ့ရာ ရွာ၏ အနောက်ဘက် လယ်ကွင်းပြင် အစပ်၌ အကြမ်းဖက်စစ်တပ်က ထောင်ထားခဲ့သောမိုင်းမိကာ အသက် ၅၀ နှစ်အရွယ် ကိုစိုးခိုင်မှာ နေရာမှာပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၄၉ ကိုမောင်ခိုင်မှာ ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article