မလေးရှားတွင် The Way ရုပ်ရှင်ပြပွဲပြုခဲ့ပြီး လူပေါင်း ၇၀၀ ဝန်းကျင်ခန့်တက်ရောက်
ရန်ကုန်၊ နိုဝင်ဘာ ၁၂
မလေးရှားနိုင်ငံ Kepong မြို့ရှိ NLD OC International Malaysia ရုံးမှ ဦးဆောင်၍ IDEAL Convention Centre တွင်ကျင်းပသော The Way ရုပ်ရှင်ပြပွဲကို ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မလေးရှားရောက်မြန်မာ ၇၀၀ ဝန်းကျင်ခန့်လာရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။
ရုပ်ရှင်မပြသမီ ကိုလင်းလင်းနှင့် မချစ်သုဝေတို့မှ Zoom မှတစ်ဆင့် ကျေးဇူးတင်နှုတ်ဆက်စကားများပြောကြားခဲ့ပြီး ၎င်းတို့ကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် အမှတ်တရ ပစ္စည်းများကို လေလံတင်ရောင်းချခဲ့ရာ အင်္ကျီ ရင်းဂစ်-၂၁၀၀ ၊အိတ် ရင်းဂစ်-၁၇၀၀၊ Soundtrack USB ရင်းဂစ်-၂၄၀၀ ဖြင့်အသီးသီး လေလံအောင်မြင် ရောင်းချခဲ့ရကြောင်း၊ အထူးဧည့်သည်တော်အဖြစ် မရွှေမိုး(ကိုရီးယား)မှ တော်လှန်ရေးနှင့် ပတ်သတ်၍ အမှတ်တရစကားများပြောကြားကာ တိုင်းရင်းသားများမှ ရှိးရာအကများဖြင့် လာရောက် ဝန်းရံဖျော်ဖြေ သွားခဲ့ကြောင်း သိရှိရသည်။