Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-လွိုင်ကော်မြို့က အကြမ်းဖက်စစ်ကောင်စီ တပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို KNDF အပါအဝင် မဟာမိတ်တပ်တွေကနေ ထိန်းချုပ်လိုက်ပြီလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူရဲ့ လူမှုကွန်ရက်ကနေ တစ်ဆင့် ထုတ်ပြန်လိုက်ပါတယ်။
-နေပြည်တော်မှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေပါဝင်တဲ့ လုံခြုံရေး တပ်ခွဲတွေကို နှစ်ရက်အတွင်း အမြန် ဖွဲ့စည်းဖို့ စစ်ကောင်စီက လျှို့ဝှက် ညွှန်ကြားစာထုပ်လိုက်တဲ့အပြင် ၊ နေပြည်တော်ကို တိုက်ခိုက် လာနိုင်တဲ့ အတွက် ဆိုပြီး စစ်တပ်က ကြိုတင်ပြင်ဆင်နေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။
– အကြမ်းဖက် စစ်ကောင်စီက အရပ်ဘက် အလုပ်သင်ဆရာဝန် နဲ့ ဆရာဝန် အသစ်တွေကို အတင်း အကျပ် စစ်ရာထူး ဗိုလ်အဆင့်ပေးပြီး ရှေ့တန်းထွက်ခိုင်းသလို ၊ မူလက ဆေးတပ် နဲ့ စစ်ဆေးရုံမှာ သာ တာဝန်ထမ်းခိုင်းမယ်ဆိုတဲ့ သဘောတူညီချက်ကိုလည်း ဖောက်ဖျက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။