26 C
Yangon

မတ္တရာမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့်သေဆုံး၊ ရေစကြို၊ နွားထိုးကြီး၊ဖောင်းပြင်၊ တောင်သာ၊ ကန်ပက်လက်နှင့်မြင်းခြံမှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၈ ဦးသေဆုံး

Must read

ရန်ကုန်| မတ် ၂၇

မန္တလေးတိုင်းမတ္တရာမှာ ဒီနေ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့်သေဆုံးကြောင်း၊ ရေစကြို၊ နွားထိုးကြီး၊ ဖောင်းပြင်၊ ကန်ပက်လက်နှင့်မြင်းခြံမှာလည်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အနည်းဆုံး ၂၈ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မတ္တရာမှာ စစ်သား ၂၀ ဦးခန့်သေဆုံး
=====================

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဒီနေ့ မတ် ၂၇ရက် ဖက်ဆစ်တော်လှန်ရေးနေ့ စစ်တပ်က စစ်ကြောင်းထိုးလာချိန် အသွားအပြန် နှစ်ကြိမ် မိုင်းဆွဲခံရပြီး ၂၀ဦးခန့် သေဆုံးခဲ့ပါတယ်။

စစ်ကား ၅ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ကို မတ္တရာမြို့နယ် သဖန်းကိုင်းရွာနဲ့ မြောင်းသစ်ရွာကြား တစ်နေရာမှာ မနက် ၁၁ နာရီခွဲက ပထမအကြိမ် မိုင်းဆွဲခဲ့တာဖြစ်တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သဖန်းရွာကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ အဲဒီယာဉ်တန်းကို မန္တလေးတူးမြောင်း(ဒေသအခေါ် ချောင်းမကြီး) အနောက်ဘက်တောင်ပေါ် တံတားနက် တံတား တောင်ဘက်မှာ နေ့ခင်း ၁နာရီခွဲမှာ ဒုတိယအကြိမ် ထပ်ပြီး မိုင်းဆွဲခဲ့တာလို့ ဖော်ပြပါတယ်။

ဒီနေ့ တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်မှုမှာ နှစ်ကြိမ်လုံး ပစ်မှတ်ကားတွေကို ထိမှန်တာကြောင့် စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးတယ်ဆိုတာ အတည်ပြုနိုင်တယ်လို့ မတ္တရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

ရေစကြို၊ ပခန်းကြီးရဲကင်း ဗုံးနဲ့ တိုက်ခိုက်ခံရ
=========================

မကွေးတိုင်း၊ ရေစကြိုမြို့ ပခန်းကြီးရဲကင်းစခန်းမှာ မတ်လ ၂၆ ရက် မနေ့ကညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်သား ၃ ဦးကို ဗုံးထိမှန်ခဲ့တယ်လို့ ရေစကြို PDF ထံမှ သိရှိရပါတယ်။

ကန်ပက်လက်မှာ စစ်သား ၁ ဦးသေ
====================

အလားတူ မတ်လ(၂၆)ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့အတွင်းဝင်ရောက်နေရာယူထားတဲ့ CDF – Kanpetlet တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ရဲတပ်သားတစ်ဦး သေဆုံးကာ တစ်ဦးပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ CDF ကန်ပက် လက်က ပြောပါတယ်။

နွားထိုးကြီးမှာ တပ်စခန်းတစ်ခုကို PDF ဝင်တိုက်
======================================

မတ်လ ၂၆ ရက်နေ့ညပိုင်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာမှာ စစ်တပ် အင်အား၆၀ခန့် တပ်စွဲထားတဲ့ စခန်းတစ်ခုကို NPDF အဖွဲ့သားတွေ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေ အပျောက်များတယ်လို့ သိရပါတယ်။

မြင်းခြံခရိုင်၊ ပတ္တာဆိပ်ကမ်းမှာ စစ်သား ၇ ဦးသေဆုံး
========================================

မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်အချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ပတ္တာဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ မင်းအောင်လှိုင်၏ စစ်တပ် အင်အား ၂၀ ခန့်ကို မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ 27 Revolution Force၊ မြေလတ်-PDF MGN District၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF ( ၃ ) ဖွဲ့တို့က 27 Revolution Force တို့က ဒုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

ဖောင်းပြင်မှာ စစ်သားအလောင်းလာကောက်တဲ့ စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား ၂၀ နီးပါ ထပ်သေပြန်
=========================================================================

ဒါ့အပြင် စစ်ကိုင်းတိုင်းဖောင်းပြင်မြို့နယ်မှာ CDM ဆရာ၊ ဆရာမ အိမ်ကို မနေ့က လာရောက်စီးနင်း ပစ်ခတ်တုန်း သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးအလောင်းကို လာကောက်ချိန် ထပ်မံ မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်က ကနဦး ၁၅ ဦး ထပ်သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ကျန်နေခဲ့တဲ့ တပ်ကြပ်ကြီး ဖုန်းနိုင်ရဲ့ အလောင်းကို ကောက်ယူဖို့ ဒီနေ့ မနက်ပိုင်းမှာ အင်အား ၃၀ ကျော်နဲ့လာခဲ့ပြီး လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဖောင်းပြင် PDF က နောက်ဆက်တွဲ ထုတ်ပြန်ပါတယ်။

“PDF ရဲဘော်တွေက တကက ဖုန်းနိုင်အလောင်းဝန်းကျင်၊ စကစတပ်သားတွေ ချီတက်လာမယ့် လမ်း ကြောင်းနဲ့ မိုင်းကွဲလိုက်ရင် ပြေးလွှားနေရာယူနိုင်တဲ့ ကျည်ကွယ်မျက်ကွယ်လိုနေရာမျိုးတွေမှာ မိုင်းထောင်ထားပြီး အချိန်ကိုက်ဖောက်ခွဲတိုက်ခိုက်နိုင်လိုက်ပါတယ်” လို့ ဖောင်းပြင် PDF က ဆိုပါတယ်။

ကနဦးသတင်းအရ စစ်ကောင်စီတပ်သား ၁၅ဦး သေဆုံးပြီး ဒဏ်ရာပြင်းထန်သူတွေ ထပ်သေနိုင်တာကြောင့် သေဆုံး ၂၀ဦးလောက်အထိ ဖြစ်နိုင်တယ်လို့ ဖောင်းပြင် PDF က ဆိုပါတယ်။

မတ်လ ၂၆ ရက်နေ့ ညပိုင်း ဖောင်းပြင်မြို့နယ်မှာ CDM ဆရာ၊ ဆရာမ ၂ ဦးကို လာဖမ်ုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို PDF ၂ ဦးက ပစ်ခတ်တိုက်ခိုက်ရာ ဗိုလ်ကြီးထိန်လင်း၊ တပ်ကြပ်ကြီးဖုန်းနိုင်နှင့်ရဲဘော်တစ်ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တောင်သာမှာလည်း ကင်းလှည့်စစ်ကားတစ်စီးကို မိုင်းခွဲ
===============================

မတ်လ ၂၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကင်းလှည့်နေသော အကြမ်း ဖက် စစ်ခွေးကားတစ်စီးအား တောင်သာမြို့အမှတ်(၂)ရပ်ကွက် ဘောလုံးကွင်း တောင်ဖက်လမ်းကြားမှာ ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ တောင်သာအဖွဲ့ခွဲ ZERO TTA မှ ပဒေသာမိုင်းဖောက်ခွဲခဲ့ပြီး ထိခိုက်သေဆုံးမူနှင့်ဒဏ်ရာရမှုအသေး စိတ်ကို မသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ZERO ပြောက် ကျားတပ်ဖွဲ့ မှ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Photo- NY Time

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article