25 C
Yangon

ရန်ကုန်၊ သာကေတ၊ ဗဟန်း၊ ဒလရဲစခန်းတို့တွင် ဗုံးများပေါက်ကွဲပြီး တိုက်ခိုက်မှုများ ပေါ်ပေါက်

Must read

ရန်ကုန်၊ မတ် ၂၇

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒလမြို့နယ်တို့တွင် ဗုံးများပေါက်ကွဲပြီး တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်အချိန် သာကေတမြို့နယ်၊ အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကို သာကေတမြို့ပြပျောက်ကျားတပ်ဖွဲ့ (TUGF) က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ မတ်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန်တွင် ဆရာစံလမ်းဆုံ၊ပန်းခြံအနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး လူငယ်တချို့ကို စစ်တပ်နှင့်ရဲက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ပေါက်တာကတော့ ပန်းခြံနားက အမှိုက်ပုံးနားမှာ တစ်လုံး၊ အဲဒီနားမှာပဲ နောက်ထပ်တစ်လုံးပေါက်တယ်။ အဲဒီမှာ စစ်တပ်က ဓာတ်ပုံရိုက်လို့ဆိုပြီး လူငယ်လေးတစ်ဦးကိုလည်း ဖမ်းတယ်။ နောက်ထပ် လမ်းသွား လမ်းလာ လူငယ်တွေကိုလည်း ဖမ်းတယ်။ လမ်းတွေကိုလည်း တစ်နာရီလောက်တော့ကြာအောင် ပိတ်ဆို့ ပြီး စစ်ဆေးတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မတ်လ ၂၆ ရက်နေ့ ည ၉ နာရီဝန်းကျင် ရန်ကုန်တောင်ပိုင်းခရိုင် ၊ဒလမြို့နယ် ၊ မြို့မရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက ၄၀မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲ တချို့ သေဆုံးပြီး ၃ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Kawhmu News Agency က သတင်းဖော်ပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article