29 C
Yangon

ရှမ်းပြည်နယ်ရှိ ကိုးကန့် MNDAA က သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းကို စစ်တပ်က ဓာတု အဆိပ် ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရှမ်းပြည်နယ်ရှိ ကိုးကန့် MNDAA က သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းကို စစ်တပ်က ဓာတု အဆိပ် ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်ရှိ ကိုးကန့် MNDAA က သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းကို အကြမ်းဖက် စစ်တပ်က ဓာတု အဆိပ် ဗုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The Kokaung က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၈ မိနစ်တွင် MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းကို အကြမ်းဖက် စစ်တပ်က ဓာတုအဆိပ် ဗုံး ၄ လုံး ပစ်ခတ်ခဲ့ပြီး MNDAA တပ်ဖွဲ့တွင် တစ်ချို့ အဆိပ်များရှုမိကာ ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

၁၀.၂၇ စစ်ဆင်ရေး ကာလအတွင်း၌ စစ်ကောင်စီက တပ်စခန်း ၂၀၀ နီးပါး နှင့် မြို့နယ် ၉ ခု ကို လက်လွတ်ဆုံးရှုံးခဲ့ရသည့် အတွက်ကြောင့် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်ကိုင် တော်လှန်‌ရေးအဖွဲ့အစည်းများအပေါ် (၃) ကြိမ် တိုင်တိုင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း TNLA သိမ်းပိုက်ထားသော တပ်စခန်းတစ်ခုကို အကြမ်းဖက် စစ်တပ်က ဓာတုဗုံးများ လာ‌ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် TNLA တပ်ဖွဲ့ဝင် ၁ ဦး အဆိပ်မိခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း TNLA မှ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်း ဝင်ရောက် သိမ်းပိုက်ချိန်တွင် အကြမ်းဖက် စစ်တပ်က ဓာတုဗုံးများဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article