25.9 C
Yangon

ချင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်၊ ရိဒ်ခေါဒါရ်မြို့ တွင် “REPUBLIC OF THE UNION OF MYANMAR” စာသားကို ဖြုတ်ချပြီး “WELCOME TO CHINLAND” ဟု ဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်

Must read

ချင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်၊ ရိဒ်ခေါဒါရ်မြို့ တွင် “REPUBLIC OF THE UNION OF MYANMAR” စာသားကို ဖြုတ်ချပြီး “WELCOME TO CHINLAND” ဟု ဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်၊ ရိဒ်ခေါဒါရ်မြို့ တွင် “REPUBLIC OF THE UNION OF MYANMAR” စာသားကို ဖြုတ်ချပြီး “WELCOME TO CHINLAND” ဟု ပြောင်းလဲတပ်ဆင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ်စစ်စခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုပါ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ချင်းအမျိုးသားအလံကို လွှင့်ထူခဲ့ပြီး လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ၊ မြို့ထဲတွင် မိုင်းရှင်းလင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ရိဒ်ခေါဒါရ် အခြေစိုက် ကာကွယ်ရေးတပ်များက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စတင်လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လေယာဉ်ကွင်းပါ တည်ဆောက်နေသည့် လိုင်လင်းပီမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်၊ ရိဒ်ခေါဒါရ်မြို့ တွင် “REPUBLIC OF THE UNION OF MYANMAR” စာသားကို ဖြုတ်ချပြီး “WELCOME TO CHINLAND” ဆိုင်းဘုတ်ပြောင်းလဲတပ်ဆင်ထားစဉ်။

Photo- ချင်းတော်လှန်ရေးအဖွဲ့များနှင့် ချင်းဒေသမီဒီယာများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article