25.9 C
Yangon

မြင်းမူမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်

Must read

မြင်းမူမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မြင်းမူမြို့နယ်ရှိ Non-CDM ဝန်ထမ်းများ ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား အလင်းဝင်ရန် မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က အသိပေး ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် မြင်းမူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းများ အနေဖြင့် ဇန်နဝါရီလ ၃ ရက်နေ့ နောက်ဆုံးထား၍ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်၍ အလင်းဝင်ရန်နှင့် အလင်းဝင်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Non CDM ဝန်ထမ်းများ အလင်းဝင်ရောက်ရာတွင် ဌာနဆိုင်ရာ စာရွက်စာတန်းများ၊ ပြည်သူပိုင်ပစ္စည်းများ၊ အစိုးရဌာနဆိုင်ရာ သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့ ပိုင်ဆိုင်သည့် ၊ လွှဲအပ်ထားသည့် ၊ အသုံးပြုရန်ရည်ရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာပလာများနှင့် အခြားပစ္စည်းများကိုပါ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့သို့ စနစ်တကျအပ်နှံရန် ကြိုတင်ပြင်မှုများ ဆောင်ရွက်ထားရမည်ဟု ပါရှိသည်။

ထို့ပြင် CDM ဝန်ထမ်းများကို ထိထိရောက်ရောက်ကူညီခြင်း၊ တော်လှန်ရေးကို ထိထိရောက်ရောက်ပါဝင်ကူညီခြင်း ပြုလုပ်ခဲ့သည့် Non CDM ဝန်ထမ်းများက မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ထံ တာဝန်ထမ်းဆောင်ရန်လျှောက်ထားပါက ‘အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်း’ နှင့်အညီ စနစ်တကျစိစစ်၍ ကာလတိုစာချုပ်ဖြင့် တာဝန်ပေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၃ ရက်နေ့ အထိ အလင်းဝင်ရောက်ခြင်း မရှိသည့် Non CDM ဝန်ထမ်းများကို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ အပြစ်ပေးမည်ဖြစ်၍ ပြည်သူဘက်မှ ရပ်တည်၍ အလင်းဝင်ရန် ပြင်းထန်စွာ သတိပေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article