33 C
Yangon

ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လိုင်လင်းပီမြို့ကို နယ်မြေရှင်းလင်းရေးလုပ် နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်

Must read

ချင်းတော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် လိုင်လင်းပီမြို့ကို နယ်မြေရှင်းလင်းရေးလုပ် နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်

■ လိုင်လင်းပီမြို့ကို ပြည်သူ့အုပ်ချုပ်အဖွဲ့နှင့် CNF က လက် တွဲ ထိန်းချုပ်သွားမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ချင်းပြည်နယ်၊ အိန္ဒိယ – မြန်မာနယ်စပ်မြို့တစ်ခုဖြစ်သည့် လိုင်းလင်းပီမြိုကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ပြည်သူများ နေရပ်ပြန်နိုင်ရန် စီစဉ်နေကြောင်း CNF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

နိုဝင်ဘာလ ၂၄ ရက်နေ့က အိန္ဒိယ – မြန်မာနယ်စပ် မြို့ဖြစ်သည့် လိုင်လင်းပီမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၃၀၄ တပ်စခန်းကို CNA ၊ CDF – Thantlang ၊ CDF – Zophei ၊ CDF – Lautu ၊ CDF – Matupi (Battalian II) နှင့် ဒေသ အခြေစိုက် CDF- Mara စသည့် ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“လောလောဆယ် စစ်ဘေးရှောင်ပြည်သူတွေက မဝင်ရဲကြသေး ဘူး၊ လိုင်းလင်းပီမြို့မှာ တိုက်ပွဲဖြစ်တုန်းက ဗုံးကျဲတာ တအားများလို့ တချို့ပြည်သူတွေက အထိန့်တလန့်နဲ့ဆိုတော့ အခုချက်ချင်း ပြန်ဝင်ဖို့က အခက်အခဲရှိတယ်၊ ပြီးတော့ လိုင်လင်းပီမြို့ အထက်က ရေဇွာလ်မှာလည်း တိုက်နေတဲ့အချိန်ဖြစ်တော့ အဲဒီ မှာလည်း ခဏခဏဗုံးကွဲလို့ လိုင်လင်းပီလည်း ကျလာ မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မြို့ထဲကို မဝင်သေးဘူး၊ နောက်ပြီးတော့ စခန်းကနေ စွန့်ခွာသွားတဲ့ အဖွဲ့က တောထဲမှာ ၃ ရက် ၄ ရက်လောက် အစအန ပျောက်နေတယ်ဆိုတော့ အဲဒီကိစ္စလည်းပါတယ်၊ နယ်မြေရှင်းလင်းရေးတော့လုပ်နေပြီ၊ အဲဒီစခန်းသိမ်းပြီး နောက်ပိုင်းမှာတော့ လေကြောင်းကနေ တိုက် တာတို့၊ လေယာဥ် တက်လာတာတို့တော့မရှိတော့ဘူး၊ “ ဟု CNF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နှစ်ဖက် တိုက်ပွဲအတွင်း အသက် အန္တရာယ် လုံခြုံရေးအတွက် ယာယီ စစ်ဘေးရှောင်ပြည်သူတို့၏ လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့သော ပြည်သူများ၊ မီဇိုရမ်ပြည်နယ်မှ ဒေသ နေပြည်သူများ၊ လူမှုအသင်းအဖွဲ့များအား အထူးကျေး ဇူးတင်ရှိကြောင်း CNF က အလေးအနက်ထုတ်ပြန်ပြော ဆိုထားသည်။

CNF/CNA နှင့် Maraland Council /CDF – Mara သည် နှစ်ဖက် တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေသော လိုင်လင်းပီမြို့နေ ပြည်သူများ ဒေသတွင်း လုံခြုံချောမောစွာ ပြန်လည်ဝင်ရောက်လာနိုင်ရေး ၊ ပြန်လည်နေရာချထားရေးနှင့် နယ်မြေ ရှင်းလင်းရေးတို့ကို ပြည်သူလူထု ပါဝင်ပူးပေါင်းမှုဖြင့် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

လိုင်လင်းပီမြို့သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ချင်းလဲန်း အကြား ပြည်သူများ၊ စစ်ဘေးရှောင်များ ဆက်သွယ်သွား လာရာတွင်လည်းကောင်း၊ စစ်ရေး အရ ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်းကောင်း လုံခြုံရေး အရ မဟာဗျူဟာကျသည့်မြို့ ဖြစ်ပြီး ပြည်သူ့လုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးသည် အထူးလိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် CNF/CNA နှင့် Maraland Council/ CDF – Mara သည် လူထုလုံခြုံရေး၊ ဒေသတည်ငြိမ်ရေးနှင့် အိန္ဒိယ – မြန်မာနယ်စပ်အတွင်း ပြည်သူများနှင့် စစ်ဖက်ဆိုင်ရာ ဆက်သွယ်သွားလာမှု အဆင်ပြေစေရေးကို ရှေ့ရှုလျက် ဒေသနေပြည်သူများ ကိုယ်တိုင် ဖော်ဆောင်သည့် လိုင်းလင်းပီမြို့ ပြည်သူ့အုပ်ချုပ် ရေးကို ပူးတွဲကာ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း CNF က သတင်းထုတ် ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article