စစ်ကိုင်းမြို့နယ်တွင် ပျူစောထီး ၁ ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလောင်း လာကောက်သည့် စစ်ကားကိုလည်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတော ပျူရွာအဝင်၌ ပျူစောထီး ၁ ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံးကာ အလောင်း လာကောက်သည့် စစ်ကားကိုလည်း ထပ်မံ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မာလဲတော ပျူရွာအဝင်၌ ပျူစောထီးတစ်ဦးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဆုံးသွားသော ပျူစောထီး အလောင်းကို ကောက်ရန် အုန်းတောကျေးရွာရှိ အမှတ် ၆၀၀၅ တင့်ကားတပ်မှ ကားနှစ်စီး အင်အား ၂၀ ခန့်ဖြင့် ထွက်လာသဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦး သေဆုံး ကာ အုန်းတောတပ်အတွင်းသို့ ပြန်ဆုတ်သွားကြောင်း သိရသည်။
“၂၇ ရက်နေ့က မာလဲတောရွာက ပျူစောထီးတစ်ဦးကို ရွာအဝင်မှာ မိုင်းဆွဲတိုက်ခိုက်တာ သေသွား တယ်၊ ၂၈ ရက်နေ့မှာ အဲဒီအလောင်းကို ကောက်ဖို့ အုန်းတောတပ်ထဲကနေ ကားနှစ်စီးနဲ့အင်အား ၂၀ လောက်ထွက်လာတာ၊ အဲဒီအချိန် ထပ်မိုင်းဆွဲခဲ့တာ၊ ပျူအလောင်းမကောက်နိုင်ခဲ့ သေသွားတဲ့ စစ်ခွေး အလောင်းနဲ့ ဒဏ်ရာရတဲ့သူတွေကို သယ်ပြီး အုန်းတောတပ်ထဲ ပြန်ပေးသွားတယ်၊ ပျူအလောင်းက အခုထိမကောက်နိုင်သေးဘူး၊ မာလဲတောပျူရွာထဲကကောင်တွေလည်း ထွက်မလာရဲအောင် ၃ ရက် ဆက် တိုက်ဗုံးကျဲချခဲ့တယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ၂၉ ရက်နေ့အထိ မာလဲတောပျူရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် သေဆုံးသွားသော ပျူစောထီးအလောင်းကို ယနေ့အထိ ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Phoenix SGF ၊ Royal Falcon ၊ စစ်ကိုင်းခရိုင်တပ်ရင်း ၇ နှင့် ယူနီကွန်းပြောက် ကျားတပ်ဖွဲတို့မှ စစ်ကိုင်းမြို့နယ် ပကဖ ထုတ်လုပ်သော ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

