28.5 C
Yangon

ဖြူးမြို့ရှိ ဘန်းလောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် ၆ လုံး ပျက်စီး၊ ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ဖြူးမြို့ရှိ ဘန်းလောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ် ၆ လုံး ပျက်စီး၊ ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဖြူးမြို့အတွင်းရှိ ဘန်းလောင်းရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၁ မိနစ်ခန့်တွင် မူးမြို့နယ်၊ ဖြူးမြို့အတွင်းရှိ ဘန်းလောင်းကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်၏ လေတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၆ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတစ်နေရာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ၃ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ လမ်းဘေးတွင် ကျရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article