မီးဘေးသင့်ကြာပိုင်ကျေးရွာမှ ပြည်သူများအတွက် ဆန် ဆီ ကုန်စိမ်းများလှူဒါန်း
ရန်ကုန်၊ ဒီဇင်ဘာ ၄
အကြမ်းဖက်စစ်တပ်နှင့် တောပုပျူစောထီးရွာမှ ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ် ၁၀၀ ကျော် ဆုံးရှုံးကာ စစ်ဘေးရှောင်နေကြရသည့် ကြာပိုင်ကျေးရွာမှ ပြည်သူများအတွက် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီမှ ဆန် ဆီ ကုန်စိမ်းများကို ကျေးရွာ ပအဖအဖွဲ့ဝင်များ လူငယ်လေးများနှင့် စုပေါင်းပြီး ကူညီမှုများနှင့် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။