Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း ပစ်ခတ်ခံရပြီး သေသွားပြီလို့ MNDAA ကနေ တရားဝင် ထုတ်ပြန် လိုက်ပါတယ်။
-အကြမ်းဖက်မင်းအောင်လှိုင်က နိုင်ငံတစ်ဝန်း တိုက်ပွဲတွေမှာ အသီးသီးသေကုန်ကြတဲ့ စစ်အရာရှိတွေ ၊ ရဲတွေ နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဘွဲ့တွေ ပေးနေပြီး ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေသွားတဲ့ ဗိုလ်မှူး ကြီး ၂ ဦးနဲ့ ဒုတိယဗိုလ်မှူးကြီး ၂ ဦးကိုလည်း သူရ ဘွဲ့တွေ ပေးနေပြန်တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ ဆီဆိုင်ကုန်း ကာကင်းစခန်းကို တော်လှန်ရေးတပ်ပေါင်းစုကနေ ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေဿွားတဲ့အပြင် ၊ သေနတ် ၁ လက်ကိုပါ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။