32 C
Yangon

နမ့်ခမ်းမြို့နယ်၊ ပန်လော်ရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

Must read

နမ့်ခမ်းမြို့နယ်၊ ပန်လော်ရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ပန်လော်ရွာကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်တွင် နမ့်ခမ်းမြို့နယ်၊ ပန်လော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဥ် ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွားသော ပြည်သူများမှာ အသက် ၅ နှစ်အရွယ် လွေးအို၊ အသက် ၃၅ နှစ်အရွယ် မိုင်းယိုင်လေး၊ အသက် ၄၆ နှစ်အရွယ် တာဆွေ၊ အသက် ၅၀ နှစ်အရွယ် မာခမ်းလီးနှင့် အသက် ၅၆ နှစ်အရွယ် ယားဘာတို့ဖြစ်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပန်လော်ကျေးရွာရှိ နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း ကျောက်မဲမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၅၀၁၊ ၅၀၂ တပ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ တောင်နောက်ရပ်ကွက်(ငြိမ်းချမ်းရေးကုန်း) အတွင်းသို့ ကျရောက်ပေါက်ကွဲကာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများကို လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၄ ဦးအပါအဝင် ဒေသ ပြည်သူ ၆၀ ကျော် သေဆုံးကာ ၁၃၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article