33 C
Yangon

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ကင်းထိုးရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး G3 သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ကင်းထိုးရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး G3 သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာမှ ကင်းထိုးရန် ထွက်လာသော ပျူစောထီးများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး G3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Phoenix SGG တပ်ဖွဲ့မှ သတင်းနှင့်ဘဏ္ဍာရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကြွယ်ပုံပျူစောထီးရွာမှ ကင်းထိုးရန် ထွက်ခွာလာသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကြွယ်ပုံရွာမှ ပျူစောထီး ဇော်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပျူစောထီး ဇော်ဦး ကိုင်ဆောင်သော G-3 အမျိုးအစား လက်နက် ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည် ၁၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်းစစ်ကူလာသော စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့က Drone ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ​ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PHOENIX (SGG)၊ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Young People Defence Forcel Fight For Federal Royal Falcon Guerrilla Force စစ်ကိုင်းခရိုင် တပ်ရင်း(၇) နှင့်တော်လှန်ရေး အင်အားစု များက ပူးတွဲ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article