33 C
Yangon

မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် ဆင်းလာသည့် ခလရ ၂၇၄ မှ စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် ဆင်းလာသည့် ခလရ ၂၇၄ မှ စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် ဆင်းလာသည့် ခလရ ၂၇၄ မှ စစ်ကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း CDF- Mindat ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၇ မိနစ်ခန့်၌ ခလရ ၂၇၄ မှ အရှေ့ပြင်ရပ်ကွက်ဘက်ကို မြေမြုပ်မိုင်းထောင်ရန် စက်လတ်ပါကား ၂ စီးဖြင့် ဆင်းလာသည့် အင်အား ၇၀ ဦးခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် CDF- Mindat တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကာ CDF-Mindat ဘက်မှ အထိအခိုက်မရှိ​ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article