30 C
Yangon

မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုများ နှေးကွေးနေမှုအပေါ် အရပ်ဘက်အဖွဲ့များ ဝေဖန်။

Must read

မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုများ နှေးကွေးနေမှုအပေါ် အရပ်ဘက်အဖွဲ့များ ဝေဖန်။

မြန်မာစစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းဖို့ ဗြိတိန်ပိုင် Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီကို တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ နှေးကွေးနေတာကြောင့် ဗြိတိန်ပိုင် Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင်ခွင့် ရနေတယ်လို့ မြန်မာအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) က ယနေ့ထုတ်ပြန်လိုက်ပါတယ်။

ယူကေ နိုင်ငံဟာ ၄င်းရဲ့ မိတ်ဖက်တွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့ ကနေဒါနိုင်ငံတွေလို စစ်အုပ်စုက ထိန်းချုပ်ထားတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ပိတ်ဆို့ အရေးယူထားခြင်း မရှိသေးတာကြောင့် ဗြိတိန်ကုမ္ပဏီဖြစ်တဲ့ Greenway သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ အခုလို စစ်အုပ်စုနဲ့ စီးပွားရေး ပူးပေါင်းလုပ်ကိုင်နိုင်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ Greenway Mining Group Limited ဟာ ယူကေ အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုစာရင်းမှာ မပါသေးတဲ့၊ စစ်အုပ်စုက လက်ရှိထိန်းချုပ်ထားတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ နဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်ူတွေ လုပ်ကိုင်နေတာပါ။

မြန်မာစစ်အုပ်စုအပေါ် ယူကေ အစိုးရရဲ့ ချမှတ်သင့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ နှေကွေးနေမှုကို အခွင့်ကောင်းယူပြီး၊ ဗြိတိန်ရဲ့ နိုင်ငံရပ်ခြား ပိုင်နက်နယ်မြေမှာ ကုမ္ပဏီထူထောင်ပြီး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာ အခြေစိုက် လုပ်ကိုင်နေတဲ့ Greenway Mining Group Limited ဟာ မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း လုပ်ငန်းများတိုးချဲ့ လုပ်ကိုင်ခွင့် ရနေတာဖြစ်တယ်လို့ Justice For Myanmar က ဝေဖန်ပြောဆိုထားပါတယ်။ ဒီလိုလုပ်ကိုင်မှုတွေကတဆင့် စစ်အုပ်စုဟာ အကျိုးအမြတ်များစွာ ရရှိနေတယ်လို့လည်း JFM ကဆိုလိုက်တာပါ။

စစ်အုပ်စုရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ခင်မောင်ရီကို အမေရိကန်ပြည်ထောင်စု၊ အီးယူ နဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပေမယ့်၊ ယူကေနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးတဲ့အပေါ်မှာလည်း JFM ကထောက်ပြဝေဖန်ခဲ့ပါတယ်။

ယူကေနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းအနေနဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ချက်ချင်း ပိတ်ဆို့ အရေးယူဖို့ကိုလည်း JFM က တောင်းဆိုထားပါတယ်။

ဒါ့အပြင် စီးပွားရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူများနဲ့အညီ စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ Greenway ကုမ္ပဏီကို တောင်းဆိုထားပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Greenway Mining က တရားမဝင် မြန်မာစစ်တပ်နဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဗြိတိန်ပိုင်ရပ်ခြားနယ်မြေတွေကို အသုံးပြုနေပြီး၊ လက်ရှိ စစ်တပ်က အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတာ ဖြစ်ပါတယ်” လို့ဆိုလိုက်ပါတယ်။

မြန်မာစစ်အုပ်စုအပေါ် ယူကေနိုင်ငံက ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ဖို့ နှေးကွေးနေတဲ့အပေါ်လည်း သူမကဝေဖန်လိုက်ပြီး၊ ယူကေနဲ့ သူရဲ့ မဟာမိတ်တွေအနေနဲ့ သတ္တုတူးဖော်ရေး ကဏ္ဍအပါအဝင် စစ်အုပ်စုရဲ့ စစ်လက်နက်နဲ့ ဘဏ္ဍာငွေရင်းမြစ်အားလုံးကို ပိတ်ဆို့နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့ အလွန်အရေးကြီးတယ် လို့လည်း သူမက ထောက်ပြပြောဆိုခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article