ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတစ်ဦး ကျည် အတောင့် ၅၀ နှင့်အတူ ABSDF ထံတွင် အလင်းဝင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့မရဲစခန်းမှ ရဲသားတစ်ဦး ကျည် အတောင့် ၅၀ နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း ABSDF စစ်ကြောင်း ၃ ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား သုခသည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃ စစ် ကြောင်း အမှတ် ၁၂ တပ်ရင်း ၊ ယောဒေသစခန်းသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ရာတွင် ၇.၆၂ မီလီမီတာကျည် အတောင့် ၅၀ တောင့် နှင့်အတူ အလင်း ဝင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကာ လိုအပ်သည်များ စစ်ဆေးမေးမြန်း လျက်ရှိကြောင်း သိရသည်။