Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းကို မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ကနေ အပြီးသတ် သိမ်းပိုက်လိုက်ပြီး ၊ လက်နက်ခဲယမ်းအမြောက်အများနဲ့ တင့်ကား ၂ စီးပါ ထပ်ပြီး ရရှိထားတဲ့အပြင် ၊ MNDAA အလံကိုပါ လွှင့်ထူလိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်များက ပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့မှာ အုပ်ချုပ်ရေးယန္တရား ပြိုပျက်သွားပြီး စစ်တပ်ဘက်က စစ်အရာရှိကြီးတွေ ၊ ရဲအရာရှိကြီးတွေနဲ့ စစ်ကြောင်းတွေပါ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ နေပြည်တော်၊ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။
-အကြမ်းဖက်စစ်ကောင်စီက ရုရှားထုတ် SU-30 တိုက်လေယာဉ် ၂ စီးကို လေတပ်မှာ စတင်အသုံးပြုပြီး ပြည်တွင်းစစ်ဆင်ရေးမှာ အသုံးပြုမယ်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က ပြောသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
