29 C
Yangon

မြိင်မြို့နယ်၊ သာစည်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား

Must read

မြိင်မြို့နယ်၊ သာစည်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သာစည်ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ခလ၂၅၁ တပ်ရင်းမှ စစ်ကြောင်းမှူး ဗိုလ်မှူး ၁ ဦးအပါအဝင် ၂၁ ဦးကျော်သေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ပခုက္ကူမှ ထွက်လာသော ယာဉ် ၁၅ စီးပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းအတွက် လုံခြုံရေးယူပေးသော အင်အား ၁၂၀ခန့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး မီတာ ၂၀ အကွာအဝေးကို တိုးဝင်လာသော စစ်သားများကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၈ ဦးခန့် မျက်မြင်သေဆုံးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပခုက္ကူမြို့ ခလရ ၂၅၁ တပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူး တစ် ဦးအပါအဝင် ၂၀ ခန့်သေဆုံးသည်ဟု တပ်တွင်းသတင်းပေးချက်အရ သိရကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယင်းအကြမ်းဖက်စစ်သားများကို ဆက်လက် တိုက်ခိုက်လိုသော်လည်း လက်နက်ခဲယမ်းမလုံလောက် မှုကြောင့် ပြန်ဆုတ်ပေးခဲ့ရပြီး အထိနာသော အကြမ်းဖက်စစ်တပ်မှ သာစည်ကျေးရွာရှိ နေအိမ် ၂၅ လုံး ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တွင်းမပျူစောထီးရွာကို မရောက်မီ ကမ္မနှင့် တွင်းမ အကြားလမ်းပိုင်း၌ မြိုင် ပကဖ နှင့် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်း၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူမြို့ကို ညတွင်းချင်း သယ်ဆောင်သွားသော်လည်း အရာရှိ ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခဲ့မှုများကို မြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်း ၂ တပ်ရင်း၊ ၆ တပ်ရင်း၊ ၇ တပ်ရင်း၊ ၁၇ ၊ မြိုင်ပကဖအဖွဲ့ဝင်များဖြစ်သော တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ( ဂဠုန်)၊ အလင်းတန်းပြောက် ကျားတပ်ဖွဲ့၊ မြိုင် UAV ဒရုန်းတပ်ဖွဲ့တို့နှင့် ဒေသတွင်းတပ်ဖွဲ့များဖြစ်သော Earthquake Defense Force၊ KMDF(ကမ္မတပ်ပေါင်းစု)၊ အနောက်လွင်ပြင်တပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့(ကမ္မတပ်ပေါင်းစု) တို့ ပူးပေါင်းကာ တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article