သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အင်အား ၅၀ ခန့်ပါ ကား ၃ စီးဖြင့် သရက်ချောင်းမြို့နယ် ညောင်ဇင်ကျောင်းကြီးတိုက် ဘုန်းကြီးကျောင်းသို့ရောက်ရှိလာပြီး ရွာမြောက်ပိုင်းမှ ပြည်သူများ၏ နေအိမ်များကို တအိမ်၀င်တအိမ်ထွက် ဧည့်စာရင်းစစ်ခြင်းနှင့် ဖုန်းများစစ်ဆေးခြင်းကိုပြုလုပ်ခဲ့ပြီး နောက် မွန်းလွဲ ၁ နာရီခန့်တွင် ရွာပြင်ရှိ အထက ညောင်ဇင်စာသင်ကျောင်းသို့ ဦးတည်ထွက်ခွာ လာစဉ် ညောင်ဇင်ကျေးရွာ ဈေးနှင့် အထက ညောင်ဇင်စာသင်ကျောင်းကြားအရောက် မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရသည်။
“ရွာအစွန်ဘက် ဈေးနဲ့ စာသင်ကျောင်းကြားမှာ တိုက်ခိုက်ခဲ့တာပါ၊ အခုတော့ ရွာထဲမှာ မရှိတော့ဘူး၊ တိုက်ခိုက်ခံရပြီးတော့ ညနေ ၄ နာရီခွဲလောက်မှာ ရွာအနောက်ဖက် ရထားလမ်းဘက်ကနေ ထွက် သွားပါတယ်၊ သရက်နှစ်ခွ စစ်တပ်ဂိတ်ဖက်ကို ဦးတည်ထွက်သွားတယ်လို့ ယူဆရပါတယ်” ဟု ထား ဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး – DDPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး- DDPDF ရဲဘော်များက တိုက်ခိုက် ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ရေဖြူမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)